{ Unicode }
1999 August,
သူရှေ့မှာ ပဲခေါက်ဆွဲကိုအားရပါးရစားနေတဲ့ ကောင်လေးက သိပ်ကိုဖြူစင်လွန်းလှလေသည်။ ကလေးလေးလို ပလုတ်ပလောင်းစားပြီး ပါးစပ်မှာပေပွနေတဲ့ ပဲအနှစ်တွေကို တစ်ရှူးယူကာ သုတ်ပေးလိုက်တော့ ကောင်လေးက မျက်လုံးပြူးကြောင်ကြောင်လေးနဲ့ပြန်ကြည့်လာသည်။
" ပဲအနှစ်တွေပေပွနေတာ မသိရင် နှုတ်ခမ်းမွှေးပေါက်နေသလိုပဲ...."
ဆော့ဂျင်ပြောလိုက်မှ ကောင်လေးက ရှက်ကိုးရှက်ကန်းနှင့် သူ့နှုတ်ခမ်းကို လက်နှင့်သုတ်နေလေသည်။ အခုဆိုရင် ယွန်းဂီနဲ့ဆော့ဂျင် ခင်ကြတာ တစ်လနီးပါးရှိသွားလေပြီ။ တစ်ဦးတည်းသော သားဖြစ်တဲ့သူ့အတွက် ယွန်းဂီကို ညီအရင်းလေးတစ်ယောက်လိုပင် ချစ်ခင်မိသည်။
ဂျစ်ကန်ကန်နှင့်ဆိုးသည့် ယွန်းဂီကလည်း ဆော့ဂျင်လို တစ်ဦးတည်းသောသားဖြစ်လေသည်။ မိဘနှစ်ပါးရဲ့ သည်းသည်းလှုပ် အချစ်ခံထားရသူပီပီ ယွန်းဂီကအဆိုးလေးဖြစ်နေသည်။ မိုက်ရိုင်း ရမ်းကားတာမျိုးမဟုတ်ပဲ ကလေးဆိုးလေးလို ဆိုးတာကြောင့် ချစ်ဖို့ကောင်းသည်ဟု ဆော့ဂျင်ထင်မိသည်။
နမ်ဂျွန်းက ဆော့ဂျင်တို့နှင့် မေဂျာမတူတာကြောင့် အတူတွေ့ဖြစ်သည့်အချိန်သိပ်မရှိပေ။ ဆော့ဂျင်နဲ့ယွန်းဂီသာ တပူးပူးတတွဲတွဲဖြစ်နေတတ်သည်။
" ယွန်းဂီ ညနေအတန်းရှိသေးလား...."
" ဟင့်အင်း မရှိဘူး...."
တစ်ပန်းကန်လုံး ကုန်အောင်စားပြီးပြီဖြစ်တဲ့ ယွန်းဂီက ရေသောက်နေရင်းကနေ ဆော့ဂျင်ရဲ့အမေးကို ဖြေပေးလေသည်။
" ဒါဆို အိမ်လိုက်ခဲ့ပါလား.... အကို သီချင်းတစ်ပုဒ်လေ့ကျင်စရာရှိလို့ ယွန်းဂီ ဂစ်တာလေးတီးပေးပါလား...."
" ဟာ....ဒီနေ့ အိမ်ကိုစောစောပြန်ရောက်ရင် ဂိမ်းဆော့မလို့ဟာကို...."
" လုပ်ပါ ယွန်းဂီရယ်.... အကို ဂစ်တာမတီးတတ်သာသိရဲ့သားနဲ့ .... ဒီတစ်ရက်လေးပဲ ကူညီပေးနော်....."
" ဒီအတိုင်းတော့ဖြစ်မလား.... အပေးအယူတော့ရှိရမယ်လေ....."
" ယွန်းဂီ ဘာလိုချင်လဲ ပြောလေ...."
YOU ARE READING
Mysterious Love Circle ( Completed )