( Unicode )
" သား ဆိုးလ်ကိုသွားချင်တယ် အဖေ...."
မနက်စာစားရင်းနဲ့ သားက သူ့ကိုမဝံ့မရဲကြည့်ကာတောင်းဆိုလာလေတယ် ။
" ကောင်လေးကိုရှာဖို့လား သား...."
" ဟုတ်တယ် အဖေ... သား ညကလည်း မအိပ်နိုင်ပဲ စိတ်ပူနေရတယ်... သားတို့နှစ်ယောက်သွားဖူးတဲ့နေရာတွေမှာများရှိမလားမသိဘူး သားသွားရှာချင်တယ်...."
သားရဲ့ဆန္ဒကို ယွန်းဂီ မဆန့်ကျင်နိုင်တော့ပေ ။ မနေ့ညက သား တစ်ညလုံးမအိပ်ခဲ့ရတာကို ညိုနေတဲ့မျက်ကွင်းတို့က သက်သေခံနေလေတယ် ။ သူကိုယ်တိုင်လည်း ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ဘူးလေ ။
" သွားလေ သား... အဖေပါလိုက်ခဲ့ပေးမယ်..."
သူ့ဘက်က လွယ်လွယ်ကူကူခွင့်ပြုပေးလိုက်တော့ သားက အံ့ဩသွားသည့်ပုံနှင့်ကြည့်လာလေတယ် ။
" အဖေ တကယ်ပြောတာလား..."
" တကယ်ပြောတာပေါ့ သားရယ်... အမှန်အတိုင်း ပြောရရင် အဖေ မနေ့ညက နောင်တတွေရနေမိတယ်.... အဖေတို့ရဲ့အတ္တတွေကြောင့် သားတို့ကို ရက်စက်ခဲ့မိတယ်... အဲ့ဒီအတွက်လည်း အဖေ စိတ်မကောင်းပါဘူး..."
အဖေ ထိုသို့ပြောလာတော့လည်း ဂျောင်ကု စိတ်မကောင်းဖြစ်ရလေတယ် ။
" စိတ်မကောင်းမဖြစ်ပါနဲ့ အဖေရယ် ကျွန်တော်တို့ပါ အတူရှာပေးရင် ဂျီမင်ကိုရှာတွေ့မှာပါ..."
အဖေ့လက်ကို လှမ်းကိုင်ပြီးတော့ ဂျောင်ကု ပြောလိုက်မိလေတယ် ။ ထို့နောက်မှာတော့ မနက်စာစားပြီးသည်နှင့် သားအဖနှစ်ယောက် ဆိုးလ်ကိုတက်လာခဲ့လိုက်လေတယ် ။
* ဟဲလို... အန်ကယ် ဆော့ဂျင်လား.... ကျွန်တော် ဂျောင်ကုပါ....*
* ဂျောင်ကု ပြောလေ... သားငယ်နဲ့အဆက်အသွယ်ရပြီလားဟင်...*
အားတက်သရောနဲ့ မေးလာတဲ့ အန်ကယ်ဆော့ဂျင် လိုချင်တဲ့အဖြေဟာ သူ့မှာမရှိနေတဲ့အတွက် ဂျောင်ကု ဝမ်းနည်းမိရလေတယ် ။
* မရသေးပါဘူး အန်ကယ်... အခု ကျွန်တော်နဲ့အဖေ ဂျီမင်ကို ဝိုင်းရှာပေးဖို့အတွက် ဆိုးလ်ကိုရောက်နေတယ်... *
VOCÊ ESTÁ LENDO
Mysterious Love Circle ( Completed )