{ Unicode }
ကျောင်းတံခါးပေါက်နားက အုတ်ခုံလေးမှာ ထိုင်ရင်း တစ်ယောက်သောသူ လာမယ့်လမ်းဆီမျှော်ကာကြည့်နေမိသည် ။ ကျောင်းသားတွေ တစ်ယောက်ပြီး တစ်ယောက် ဝင်လာနေကြပေမယ့်လည်း သူမျှော်နေတဲ့ သူလေးကတော့ ပေါ်မလာသေးပေ ။ ဒီနေ့ စိတ်အားတက်ကြွစွာနဲ့ ကျောင်းစောစော လာပြီး စောင့် နေခဲ့ပေမယ့် သူ ချစ်ရတဲ့သူလေးကတော့ အခုထိရောက်မလာသေးတာကြောင့် ဆော့ဂျင် ခါးတွေတောင် ညောင်းလာရသည် ။
မတ်တပ်ရပ်ကာ အကြောဆန့်ပြီး နာရီကိုလည်း ကြည့်လိုက်မိသေးသည် ။ ထိုအချိန်မှပင် တစ်လှမ်းချင်းစီ လျှောက်ပြီး အေးအေးဆေးဆေးလာနေတဲ့ သူရဲ့ အသစ်စက်စက် ချစ်သူလေးကိုတွေ့လိုက်ရလေသည် ။
" အကို အစောကြီးလာတာလား....."
" ဟုတ်တယ်လေ.... ယွန်းဂီ ကိုတွေ့ချင်လို့ အစောကြီးလာတာ...."
" ဟီး.... ကျွန်တော် အိပ်ရာထတာ နောက်ကျသွားလို့..... ကိုကြီးတောင် ကျွန်တော့်ကိုမစောင့်တော့ပဲ အရင်သွားနှင့်တယ်...."
" ထင်တယ် ထင်တယ်.... ကိုယ့်ရဲ့ချစ်သူ အိပ်ပုတ်လေး စောစောမနိုးလောက်ဘူးဆိုတာ....."
ဆော့ဂျင်ရဲ့ စကားကြောင့် မျက်နှာလေးရဲသွားပြီး ဘေးဘယ်ညာကို အလန့်တကြားကြည့်နေပုံလေးက အသည်းယားစရာကောင်းလှသည်။
" အကိုကလည်း သူများတွေကြားသွားဦးမယ်....."
" ကြားပါစေကွာ..... ဘာလဲ ယွန်းဂီက ကိုယ်နဲ့ချစ်သူဖြစ်နေတာ ဘယ်သူ့ကိုမှမသိစေချင်ဘူးလား...."
" အဲ့လိုမဟုတ်ပါဘူး အကိုရယ်.... အကို သိတဲ့အတိုင်း လိင်တူချစ်တာကို လူတိုင်းက နားလည်လက်ခံပေးကြသေးတာမှမဟုတ်တာ.... "
မျက်နှာလေးငယ်ကာ ခေါင်းငုံ့သွားတဲ့ကောင်လေးကြောင့် ဆော့ဂျင် ရင်ထဲမကောင်းဖြစ်သွားရသည် ။ လိင်တူ ချစ်ခြင်းကို လက်မခံကြတဲ့ ပတ်ဝန်းကျင်မှာ သူတို့နှစ်ယောက်ရဲ့ အချစ်တွေကို ဖွင့်ထုတ်ခွင့်ရမှာ မဟုတ်တာကို နှစ်ယောက်လုံး နားလည်ထားပေမယ့်လည်း စိတ်မကောင်းတော့ဖြစ်ရသည် ။
" ကဲပါ......ဒါတွေ တွေးမနေနဲ့တော့... ညနေ အတန်းတက်စရာရှိလား...."
" ဟင့်အင်း မရှိဘူး အကို......"
YOU ARE READING
Mysterious Love Circle ( Completed )