( Unicode )
စကားများပြီးနောက်မှာ သားအဖနှစ်ယောက်လုံး စကားကောင်းကောင်းမပြောဖြစ်ကြပဲ ရှောင်နေမိကြတယ်လေ ။ အရင်က နှစ်ယောက်အတူ ထမင်းလက်ဆုံစားတတ်ကြတဲ့ သားအဖက အခုတော့ သက်သက်စီသာစားတော့တယ်လေ ။
တစ်အိမ်တည်းနေပေမယ့်လည်း သားအဖနှစ်ယောက် ပြသာနာဖြစ်တာကို မသိတဲ့ ဒေါ်လေးမင်ဂျူကတော့ အံ့ဩနေလေတယ် ။ ဘာဖြစ်လဲဆိုတာ မေးသော်လည်း သားအဖနှစ်ယောက်က မရေမရာသာဖြေကြတာကြောင့် စိတ်ညစ်နေမိလေတယ် ။
အခုလည်း ဆော့ဂျင်မနက်စာစားပြီး အလုပ်ကိုထွက်သွားတော့မှ ဂျီမင်က မနက်စာစားဖို့ထွက်လာလေတယ် ။
" ဒေါ်လေး သားထမင်းစားမယ်..."
" အေး သားငယ်လေး... ခနလေးစောင့်နော် ပြင်ပေးမယ်...."
ဒေါ်လေးမင်ဂျူ ထမင်းပြင်နေတုန်း ဂျီမင် ထမင်းစားပွဲမှာထိုင်ကာစောင့်နေလေတယ် ။
" စားလို့ရပြီနော် သားငယ်လေး..."
" ဟုတ်ကဲ့ ဒေါ်လေး..."
ဂျီမင်ကိုကြည့်ပြီး ဒေါ်လေးမင်ဂျူ သက်ပြင်းချလိုက်မိတယ် ။ အခုတလော ဒီကလေးမှာအပြုံးတွေတောင်သိပ်မတွေ့ရတော့ပေ ။ အရင်ကဆို အမြဲပြုံးရွှင်နေတတ်တဲ့ကလေးက အခုတော့ ငြိမ်သက်နေလေတယ် ။
မနက်ဆို ကျောင်းသွား ကျောင်းကပြန်ရောက်တာနဲ့ အခန်းတွင်းသာဝင်နေတတ်တာကြောင့် အရင်လို တီတီတာတာအသံလေးတောင် မကြားရတော့ပေ ။
သားအဖနှစ်ယောက်ရဲ့ တစ်ယောက်ကိုတစ်ယောက်စတဲ့အသံတွေ ချစ်ကြည်နူးတဲ့အသံတွေဟာလည်း ဆိတ်သုဉ်းသွားပြီး အိမ်ကြီးဟာ တိတ်ဆိတ်ခြောက်ကပ်နေလေတယ် ။
" ဆော့ဂျင်နဲ့ပြန်စကားမပြောကြတော့ဘူးလား သားငယ်လေး..."
ဆော့ဂျင်ကိုတော့ သူမ ဖြောင့်ဖျပြောဆိုလိုလည်းနားမထောင်တာကြောင့် ဂျီမင်ကိုသာ ပြောလိုက်ရန်စိတ်ကူးမိလေတယ် ။
" ဟင့်အင်း... Daddy ဘက်ကစပြီးအလျှော့မပေးရင် သားလည်းအလျှော့ပေးမှာမဟုတ်ဘူး ဒေါ်လေး...."
ဘာပြသာနာဖြစ်လို့များ ဒီလောက်တောင် နှစ်ယောက်စလုံးတင်းမာနေကြတယ်မသိပေ ။ အခုဆိုရင် သူတို့သားအဖစကားမပြောတာ ၁၀ရက် နီးပါးတောင်ကြာနေပြီဖြစ်တယ် ။
YOU ARE READING
Mysterious Love Circle ( Completed )