❤️ 22 ❤️

102 22 2
                                    

( Unicode )

" မောင် တကယ်ပြောနေတာလား...."

ဂျီမင် မောင်ပြောသမျှကို မယုံကြည်နိုင်စွာနဲ့ ပြန်မေးလိုက်မိလေတယ် ။

" တကယ်ပြောတာပေါ့ အချစ်ရယ်.... မောင်တို့ ခရီးသွားနေတုန်း အဖေတို့ ပြန်နီးစပ်သွားကြပုံရတယ်...."

" ဟင့်အင်း အဲ့လိုအဖြစ်မခံနိုင်ဘူး... အချစ် မောင်နဲ့မခွဲနိုင်ဘူး..."

" မောင်လည်း အတူတူပါပဲ အချစ်နဲ့မခွဲနိုင်ပါဘူး...."

တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ပြီးတော့ အကြည့်ချင်းဆုံမိခဲ့ကြတယ် ။ အဖေတို့ကိုသိပ်ချစ်တယ်ဆိုပေမယ့်လည်း အတ္တကြီးစွာနဲ့ အလျှော့မပေးချင်ပေ ။

အထူးသဖြင့် မောင်နဲ့မခွဲချင်ပေ ။ အဖေတို့က ကွဲနေကြတာ နှစ်တွေကြာလက်စနဲ့ မိတ်ဆွေတွေအဖြစ်ဆက်မနေပဲ ဘာလို့ ပြန်နီးစပ်ချင်နေရလဲဆိုတာ ဂျီမင် မစဉ်းစားတတ်တော့ပေ ။

ကိုယ်တိုင်လည်း ချစ်တတ်တဲ့သူတစ်ယောက်ဖြစ်ရဲ့သားနဲ့ မောင်နဲ့မခွဲချင်တဲ့ စိတ်တစ်ခုတည်းနဲ့ အဖေတို့ကို စိတ်ဆိုးနေမိလေတယ် ။

" အချစ် အိမ်ပြန်ရောက်ရင် Daddy ကိုနားချကြည့်မယ်...."

" အင်း အချစ်ရဲ့ Daddy လက်လျှော့လိုက်အောင်သေချာပြောနော်... မောင့် အဖေက သိပ်လက်ခံသေးတာမဟုတ်ဘူး... အချိန်မီတားနိုင်မှဖြစ်မှာ..."

" စိတ်ချမောင်...."

ခွင့်လွှတ်ပါ Daddy ။ Daddy သားအပေါ်မှာ ဘယ်လောက်ချစ်ပြီး ဘယ်လိုအလိုလိုက်တယ်ဆိုတာ သားသိပေမယ့် ဒီတစ်ခါလည်း သားကိုအလိုလိုက်ပြီးအလျှော့ပေးဖို့ သား တောင်းဆိုပါရစေနော် ဟု ဂျီမင် စိတ်ထဲကနေ တိုးတိတ်စွာပြောလိုက်မိလေတယ် ။



ဂျီမင် သူ့ရဲ့စိတ်ကူးတွေကြောင့် Daddy အိမ်ပြန်အလာကိုစောင့်ကြိုနေမိလေတယ် ။

" Daddy ပြန်လာပြီ...."

" Daddy ကိုစောင့်နေရတာကြာသွားလား သားငယ်လေး...."

" မကြာပါဘူး သား ဒီနေ့ ညစာကို ဒေါ်လေးနဲ့အတူ ကူပြင်ထားပေးတယ်... Daddy အများကြီးစားရမယ်နော်...."

Mysterious Love Circle ( Completed )Where stories live. Discover now