❤️ 15 ❤️

118 19 0
                                    

{ Unicode }





ကားပေါ်မှာ သူ့ကိုစကားတစ်ခွန်းမှ မပြောပဲ မျက်နှာစူနေတဲ့ သားကိုလှည့်ကြည့်ပြီး ဆော့ဂျင် သက်ပြင်ကိုချလိုက်မိတယ် ။ အခုဆိုရင် သားက သူ့ကိုစကား ကောင်းကောင်းမပြောတာ ဘယ်လောက်တောင် ကြာနေပြီလဲ ။

" မုန့်ဖိုးရှိသေးလား သားငယ်လေး..."

" ရှိသေးတယ်..."

စကားကို တိုတိုနှင့်ပြတ်ပြတ်သာပြောလေတဲ့ သားကို ဘယ်လိုတွေရှင်းပြရမလဲဆိုတာ ဆော့ဂျင် မသိတော့ပေ ။ ရှင်းပြဖို့ခက်ခဲသလို ထိုအကြောင်းအရာတွေကို သူ ပြန်မတွေးချင်တော့ပေ ။

" သားငယ်လေး အဖေ့ကိုစိတ်ဆိုးနေတုန်းပဲလား...."

သူ ချိုသာစွာမေးလိုက်ပေမယ့်လည်း သားက သူ့ကိုစကားပြန်မပြောပေ ။ သို့သော်လည်း သားကို စိတ်မဆိုးသလို အပြစ်လည်းမတင်ရက်ပါလေ ။ သားက ဂျောင်ကုကိုဘယ်လောက်တောင် ချစ်ခဲ့တယ်ဆိုတာ သူ အသိဆုံးပင် ။

ပြီးတော့ ချစ်ရသူနဲ့ကွေကွင်းရခြင်းဟာ ဘယ်လောက်တောင် ပင်ပန်းရလဲဆိုတာ သူကိုယ်တိုင်ခံစားဖူးခဲ့တော့ သားကိုလည်း သနားနေမိခဲ့တယ်လေ ။

ကျောင်းရောက်တော့ သားက သူ့ကို နှုတ်တောင်မဆက်ပဲ ကျောင်းထဲဝင်သွားခဲ့လေတယ် ။ ဆော့ဂျင် ကားထွက်မယ်အလုပ်မှာတော့ ဂျောင်ကုနဲ့အတူ ယွန်းဂီ ကိုပါတွေ့လိုက်ရလေတယ် ။

ဂျောင်ကုက သူ့ကိုခေါင်းငြိမ့်ကာ နှုတ်ဆက်ဘိုက်ပေမယ့် ယွန်းဂီကတော့ တစ်ဖက်ကို ခေါင်းစောင်းသွားခဲ့လေတယ် ။ ဆော့ဂျင်လည်း အဖက်လုပ်မနေတော့ပဲ ချက်ချင်းကားမောင်းထွက်လိုက်တော့တယ် ။

" မင်းက ဘာလို့ သွားနှုတ်ဆက်နေရတာလဲ..."

" အဖေကလည်း အန်ကယ်ဆော့ဂျင်က လူကြီးပဲလေ နှုတ်မဆက်လို့ကောင်းမလား..."

" ကောင်းတယ်... သူ့လို လူမျိူးကို နှုတ်မဆက်လို့လည်း ဘာမှမဖြစ်ဘူး နားလည်လား..."

အဖေဘာကြောင့်များ အန်ကယ်ဆော့ဂျင်ကို ဒီလောက်မုန်း‌နေသည်မသိ ။ ဂျောင်ကုကတော့ တော်တော်လေးစိတ်ညစ်နေမိပြီဖြစ်သည် ။

Mysterious Love Circle ( Completed )Where stories live. Discover now