❤️ 13 ❤️

145 21 6
                                    

{ Unicode }



ဒီနေ့ဆိုရင် ယွန်းဂီ နဲ့မတွေ့ရတာ တစ်ပတ်ကျော်နေပြီဖြစ်သည် ။ လူချင်းလည်း တွေ့ခွင့်မရသလို ဖုန်းလည်းအဆက်အသွယ်လုပ်လို့မရတာကြောင့် ယွန်းဂီကိုတော်တော်လေးသတိရနေပြီဖြစ်သည် ။

စာကြည့်စားပွဲမှာထိုင်ကာ စာကျက်မယ်ဆိုပြီး စာအုပ်ဖွင့်ထားပေမယ့် စိတ်က ယွန်းဂီဆီသာရောက်နေခဲ့သည် ။ ကျောင်းလည်းမသွားရတာကြောင့် စာတွေလည်း နောက်ကျနေပြီဖြစ်သည် ။

သူတို့နှစ်ယောက်ရဲ့အချစ်ကိုဘာကြောင့်များ အဖေ နားမလည်ပေးရတာလဲဆိုတာ ဆော့ဂျင် သိပေမယ့် ဒီလောက်အထိတော့ မလုပ်သင့်ဘူးလို့ထင်မိသည် ။

" သား ဆော့ဂျင် မင်းအဖေခေါ်နေတယ်...."

ဆော့ဂျင် တွေးနေတုန်းမှာပဲ အမေကအခန်းတံခါးခေါက်ကာ လှမ်းပြောတာကြောင့် အခန်းထဲကထွက်လာခဲ့လိုက်ရလေသည် ။

" ဒီမှာ ထိုင်...."

အဖေလက်ညှိုးထိုးပြတဲ့ခုံမှာ ဆော့ဂျင် ဝင်ထိုင်လိုက်သည် ။

" မင်း ဟိုကောင်လေးကိုအဆက်အသွယ်ဖြတ်ရင် ငါ မင်းကိုကျောင်းပေးပြန်တက်မယ်...."

အဖေ့ရဲ့စကားကို ဆော့ဂျင် ဘာမှပြန်မပြောသေးပဲ  အဖေ့ကိုကြည့်လိုက်မိသည် ။

" မင်း သူ့ကိုအဆက်အသွယ်ဖြတ်မယ်မလား...."

ဒီတစ်ခါ‌အမေးမှာတော့ ဆော့ဂျင် ခေါင်းငြိမ့်ပြလိုက်သည် ။

" ငါမေးတာ ပါးစပ်ကဖြေ...."

" ဟုတ်ကဲ့...."

" အေး... မင်းစကားမင်းတည်ပါစေ မနက်ဖြန်ကျောင်းပြန်ဖွင့်ရင် မင်းပြန်တက်လို့ရပြီ... ဒါမှမဟုတ် မင်းစကားကိုမတည်ဘူးဆိုရင်တော့ ငါ့အဆိုးမဆိုနဲ့...."

" ဟုတ်ကဲ့ပါ အဖေ...."

အဖေ့ကိုပြန်ဖြေပြီးနောက် ဆော့ဂျင် အခန်းထဲပြန်ဝင်ခဲ့လိုက်သည် ။ အခန်းထဲပြန်ရောက်တော့ အသံ ခပ်တိုးတိုးဖြင့် ရေး ဆိုပြီး တစ်ချက်အော်မိသွားသည် ။

" သားက ယွန်းဂီကို အဆက်အသွယ်ဖြတ်စရာလား အဖေရယ်... လုံးဝမဖြတ်ဘူး စိတ်ချ..."

Mysterious Love Circle ( Completed )Where stories live. Discover now