{ Unicode }1999.....
သူ့အရှေ့မှာ ရပ်နေတဲ့သူကြောင့် ယွန်းဂီ ကိုယ့်မျက်စိကိုယ်မယုံနိုင်ဖြစ်သွားရသည် ။ သတိရတဲ့စိတ်ကြောင့် သူအမြင်တွေမှားနေပြန်ပြီလား ။
" ဘာတွေကြောင်ကြည့်နေတာလဲ ကောင်ဆိုးလေး.... ကိုယ့်ကိုဘာမှတောင်မပြောပဲ ပြန်သွားတယ်နော်...."
အရင်နေ့တွေက သတိရမိတိုင်း အကို့ပုံကပေါ်လာတတ်ပေမယ့် အကို့ပုံကိုခနခနမြင်ယောင်မိပေမယ့် အခုလို တစ်ခါမှ စကားပြောတာမျိုးတော့ မရှိပေ ။ အခုမြင်နေတာက ပုံရိပ်လား တကယ့်လူအစစ်လား ယွန်းဂီ တွေးနေတုန်းမှာပဲ မျက်ဝန်းမှာ မျက်ရည်ကြည်တွေဝဲတက်လာခဲ့ရသည် ။
" ကိုယ်ကဘာမှ အသိမပေးပဲရောက်လာလို့ စိတ်ဆိုးသွားတာလား ယွန်းဂီ... တောင်းပန်ပါတယ် ယွန်းဂီ ရုတ်တရက် ဘာမှအကြောင်းမကြားပဲပျောက်သွားတော့ စိတ်ပူပြီးလိုက်လာတာပါ...."
ယွန်းဂီရဲ့ ပုခုံးကိုပါလာကိုင်ရင်း စကားပြောနေသည်ဆိုတော့ ယွန်းဂီ သတိရပြီးမြင်ယောင်နေမိတဲ့ ပုံရိပ်မဟုတ်တော့တာသေချာသွားတာကြောင့် ယွန်းဂီ ချက်ချင်းပင် နေရာကနေချာကနဲလှည့်ထွက်ခဲ့သည် ။
" ယွန်းဂီ.... ယွန်းဂီ.... "
အကိုလှမ်းခေါ်နေပေမယ့်လည်း ယွန်းဂီ လှည့်မကြည့်မိတော့ပေ ။ သူ့စိတ်တွေကိုတည်ငြိမ်အောင်လုပ်ဖို့ အကိုနဲ့ဝေးရာထွက်ပြေးခဲ့တာကို အကိုက ဘာကြောင့်များလိုက်လာရတာလဲ ။ ကျွန်တော့ကို ဒဏ်ရာတွေထပ်ပြီး မပေးပါနဲ့တော့လား ။ နာကျင်နေရတာတွေက လုံလောက်နေပြီမို့လို့ ထပ်ပြီး မနာကျင်ပါရစေနဲ့တော့ ။
သူ့ရှေ့ကနေပြေးထွက်သွားတဲ့ ယွန်းဂီကြောင့် ဆော့ဂျင် စိတ်မကောင်းဖြစ်သွားရသည် ။ ယွန်းဂီ သူ့ကိုစိတ်များဆိုးသွားသလား ။ သူနဲ့နမ်ဂျွန်း ယွန်းဂီတို့အိမ်ကို နေ့လည်လောက်ကတည်းကရောက်နေခဲ့ကြသည် ။ သူတို့ရောက်တဲ့အချိန်မှာ ယွန်းဂီက သူ့အဖေနဲ့အတူ အပြင်လိုက်သွားတယ်ဆိုတာကြောင့် သူနဲ့နမ်ဂျွန်း အိမ်မှာပဲ နားရင်းစောင့်နေခဲ့ကြသည် ။
ESTÁS LEYENDO
Mysterious Love Circle ( Completed )