❤️ 24 ❤️

111 23 8
                                    

( Unicode )



ဧည့်ခန်းမှာ အတူထိုင်နေကြရင်း တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ကြတဲ့ ဂျီမင်တို့သားအဖကြောင့် ယွန်းဂီ သက်ပြင်းကိုချလိုက်မိတယ် ။ ဘာစကားမှမစခင် သူပြောမယ့်အကြောင်းအရာတွေက ပြောသင့်ရဲ့လားလို့တစ်ချက်တွေးမိလေတယ် ။

ဂျီမင်နဲ့အကိုဆော့ဂျင်ကို ကြည့်လိုက်မိရင်တော့ သူ့ဆုံးဖြတ်ချက်မှန်တယ်လို့ တွေ့မိပြီး ဂျီမင်ဘေးမှာ ထိုင်နေသည့်သားကိုမြင်ရင်တော့ သူ့စိတ်တွေလေးလံသွားရလေတယ် ။

" ဖေဖေ ဘာပြောမလို့လဲဟင်..."

မျက်လုံးလေးအဝိုင်းသားနဲ့ မေးလာတဲ့ ဂျီမင်ကိုကြည့်ပြီးနောက်မှာတော့ ယွန်းဂီ ခိုင်မာစွာဆုံးဖြတ်ချက်ချလိုက်မိလေတယ် ။ ဟုတ်တယ် သူ ပြောရမယ် ။ ဒါဟာ ပြောသင့်ရဲ့အကြောင်းအရာတစ်ခုဖြစ်နေတာသေချာတာကြောင့် သူ့စိတ်တွေကို တည်ငြိမ်အောင်လုပ်လိုက်မိပြီး အားလုံးကို တစ်ချက်စီကြည့်လိုက်မိတယ် ။

" ဒီနေ့ အရမ်းအရေးကြီးတဲ့အကြောင်းအရာတစ်ခုကို ပြောပြချင်တယ် .... ဒီအကြောင်းအရာကို ဘယ်တော့မှ မပြောဘူးလို့ရည်ရွယ်ထားခဲ့တာပါ.... ဒါပေမယ့် အခုအချိန်ကတော့ ပြောသင့်တဲ့အချိန်လို့ ထင်မိတယ်...."

စကားကို နိဒါန်းပျိုးလိုက်တော့ အကုန်လုံးရဲ့အကြည့်တွေက သူ့ဆီရောက်လာခဲ့လေတယ် ။

" အထူးသဖြင့် သား ဂျောင်ကု အဖေ့စကားကိုသေချာနားထောင်ပေးပါ...."

ဂျောင်ကုကို မျက်လုံးချင်းဆုံအောင်ကြည့်ကာ ပြောလိုက်မိတော့ ဂျောင်ကုက ဘာများလဲဆိုတဲ့ အံ့ဩတဲ့အကြည့်တွေနဲ့ သူ့ကိုပြန်ကြည့်လာခဲ့လေတယ် ။

" တကယ်တော့ သားက အဖေ့သားအရင်းမဟုတ်ဘူး...."

" ဗျာ...."

" ယွန်းဂီ ဘာပြောလိုက်တာ..."

အားလုံးက အလန့်တကြား ဖြစ်သွားကြလေတယ် ။ သူလည်း ဒီစကားကိုပြောဖို့ မနည်းအားယူခဲ့ရတာလေ ။ ဖြစ်နိုင်ရင် ဒီအကြောင်းတွေကို ဘယ်တော့မှမပြောပဲ မြိုသိပ်ထားဖို့စိတ်ကူးခဲ့တာ ။ ဒါပေမယ့် အခုအခြေအနေမှာတော့ ဖွင့်ပြောသင့်ပြီလို့ ယွန်းဂီ ထင်မိတာကြောင့် ပြောမိခြင်းဖြစ်လေတယ် ။

Mysterious Love Circle ( Completed )Donde viven las historias. Descúbrelo ahora