❤️ 21 ❤️

123 27 4
                                    

( Unicode )









အိပ်ရာကနိုးနိုးချင်း ကိုယ်ပေါ်မှာ လေးတဲ့အရာတစ်ခုက ဖိထားတယ်လို့ ယွန်းဂီ ခံစားလိုက်ရလေတယ် ။ ဒါကြောင့် သေချာမပွင့်ချင်သေးတဲ့ မျက်လုံးတို့ကို ဖွင့်ကာကြည့်လိုက်တော့ လက်တစ်ဖက်ဖြစ်နေတာကို တွေ့လိုက်ရတယ် ။

ဘယ်သူ့လက်လဲ ဂျောင်ကုရဲ့လက်များလား ။ ဟင့်အင်း မဖြစ်နိုင်ပါဘူး ဂျောင်ကု မူလတန်းစတက်ကတည်းက သူနဲ့အခန်းခွဲအိပ်ကြတာလေ ။ ရုတ်တရက်ဘယ်သူ့လက်လဲဆိုတာ ယွန်းဂီ စဉ်းစားလို့မရပဲ ခေါင်းကိုက်နေခဲ့လေတယ် ။

ဘာကြောင့်များ ခေါင်းတွေဒီလောက်တောင် ကိုက်နေရတာပါလိမ့် ။ မနေ့က သူဘာတွေလုပ်ခဲ့တာလဲဆိုတာ မျက်လုံးမှိတ်ကာ ပြန်စဉ်းစားမိတယ် ။

မနေ့က သူ ဆိုးလ်ကိုတက်လာခဲ့ပေမယ့် ကလေးတွေကကျောင်းခရီးထွက်သွားခဲ့ကြတယ်တဲ့လေ ။ ညကျတော့ သူနဲ့အကိုဆော့ဂျင် အရက်အတူသောက်ကြတယ် ။ ပြီးတော့ တဖြည်းဖြည်းနဲ့ပေါ်လာတဲ့ သူနဲ့အကိုဆော့ဂျင်ရဲ့ နမ်းနေတဲ့ပုံရိပ်တို့ကြောင့် ယွန်းဂီ အလန့်တကြားထလိုက်မိလေတယ် ။

သူ့ဘေးနားမှာ အိပ်နေတဲ့သူဟာ အကိုဆော့ဂျင်ဆိုတာ သေချာစွာတွေ့လိုက်ရတော့ ယွန်းဂီ ထအော်မိမတတ်ဖြစ်သွားရလေတယ် ။ ယွန်းဂီရဲ့နောက်ဆုံးမှတ်ဉာဏ်ဟာ သူနဲ့အကိုဆော့ဂျင် နမ်းနေတဲ့အချိန်အထိပဲဖြစ်လေတယ် ။

နောက်ပိုင်း ဒီအခန်းထဲကို ဘယ်လိုရောက်လာပြီး ဘာတွေဆက်ဖြစ်လဲဆိုတာ ယွန်းဂီ မမှတ်မိချင်တော့ပေ ။ သို့သော်လည်း သူတို့နှစ်ယောက်လုံးရဲ့ကိုယ်ပေါ်မှာ အဝတ်အစားတွေမရှိတာကိုကြည့်ရုံနဲ့တင် ဘယ်အခြေအနေအထိ ဆက်ဖြစ်ခဲ့လဲဆိုတာ သိနိုင်လေတယ် ။

ဒါကြောင့် အကိုဆော့ဂျင် မနိုးခင် ဒီအခန်းထဲကထွက်သွားရန် ယွန်းဂီ ဆုံးဖြတ်လိုက်လေတယ် ။ ဒါကြောင့် ကုတင်ခြေရင်းမှာရှိနေတဲ့ အင်္ကျီနဲ့ဘောင်းဘီကိုလှမ်းကာယူနေတုန်းမှာပဲ ကံဆိုးစွာဖြင့် အကိုဆော့ဂျင်ကနိုးလာလေတယ် ။

" ဟင် ယွန်းဂီ...."

အကိုဆော့ဂျင်ရဲ့ခေါ်သံကြောင့် ယွန်းဂီ ရဲ့လှုပ်ရှားမှုတွေအားလုံးရပ်တန့်သွားရသလိုပါပဲ ။ ရှက်စိတ်ကြောင့် မဝံ့ရဲစွာနဲ့ကြည့်လိုက်မိတော့ အကိုဆော့ဂျင်ရဲ့ပုံကလည်း အံ့ဩနေပုံပေါက်နေလေတယ် ။

Mysterious Love Circle ( Completed )Where stories live. Discover now