❤️ 11 ❤️

194 22 3
                                    

{ Unicode }




အချစ်တစ်ခုတည်းနဲ့အရာအားလုံးကိုကျော်ဖြတ်နိုင်တယ်လို့ပြောကြတယ် ။ တကယ်ကျော်ဖြတ်နိုင်ကြတဲ့သူတွေရှိသလို ကျရှုံးသွားကြတဲ့သူတွေလည်းရှိလေတယ် ။ အထူးသဖြင့် အ‌ရေးကြီးဆုံးကတော့ တစ်ယောက်နဲ့တစ်ယောက်ကြားက ယုံကြည်မှုတွေ ဆုံးရှုံးသွားရတဲ့ အချိန်မှာပေါ့...။

×××××××

" ဆော့ဂျင် စကားပြောစရာရှိတယ် လာထိုင်ဦး...."

အဖေ့ခေါ်သံကြောင့် ဆော့ဂျင် အဖေ့ဘေးနားက ခုံမှာဝင်ထိုင်လိုက်သည် ။

" ဟုတ်ကဲ့ အဖေပြောပါ...."

" မင်းနဲ့ ယွန်းဂီဆိုတဲ့ကောင်လေးက ဘာတွေလဲ..."

" ဘာဖြစ်လို့လဲ အဖေ သားတို့က သူငယ်ချင်းတွေပါ...."

အဖေ့ရဲ့မေးခွန်းကြောင့် ဆော့ဂျင် တုန်လှုပ်သွားမိပေမယ့် စိတ်ကိုတည်ငြိမ်အောင်ထားပြီး ပြန်ဖြေလိုက်သည် ။

" မင်းတို့နှစ်ယောက်အကြောင်းရပ်ကွက်ထဲကလူတွေပြောနေကြတာ အမြဲတပူးပူးတတွဲတွဲနဲ့ ရည်းစားတွေလားတောင်ထင်ရတယ်တဲ့...."

" မဟုတ်တာ အဖေရယ် ပေါက်ကရတွေပါ...."

" အေး မင်းစကားနဲ့မင်းနော်.... ဘာမှပေါက်ကရတွေ မဟုတ်တာတွေလုပ်ဖို့မစဉ်းစားနဲ့.... ငါဘာမှထပ်မကြားချင်ဘူး...."

" ဟုတ်ကဲ့ပါ အဖေ..."

"ရပြီ သွားတော့...."

အဖေ့အနားကနေထွက်လာပြီး အခန်းထဲရောက်တော့ ဆော့ဂျင် အခန်းတံခါးကိုမှီကာ ထိုင်ချလိုက်ပြီး သက်ပြင်းချလိုက်မိသည် ။ တစ်နေ့နေ့တော့ သူနဲ့ယွန်းဂီအကြောင်းကို လူကြီးတွေသိလာမယ်ဆိုတာ ကြိုတွေးထားမိပေမယ့် အခုတော့ ဆော့ဂျင် ရင်တွေပူလာရသည် ။

သံသယလောက်နဲ့တောင် အဖေက ဒီလောက် စိတ်ဆိုးနေရင် သူတို့အကြောင်းတကယ်သိသွားတဲ့နေ့ကျရင်ရော အဖေ ဘယ်လောက်တောင် ဒေါသထွက်မလဲ ။ ယွန်းဂီနဲ့သူ့ကို ခွဲပစ်မယ်ဆို ဗေဒင်မေးစရာမလိုအောင် သေချာနေလေသည် ။

လူကြီးတွေ ခွဲကြရင် သူ ယွန်းဂီကို တကယ်ပဲ စွန့်လွှတ်လိုက်ရမှာလား ။ တွေးကြည့်ရုံနဲ့တင် ဆော့ဂျင် ရင်တစ်ခုလုံး မွန်းကြပ်မောဟိုက်လာရလေသည် ။

Mysterious Love Circle ( Completed )Where stories live. Discover now