❤️ 20 ❤️

111 21 4
                                    

( Unicode )





" ဘာတွေငေးနေတာလဲ အချစ်...."

" ဘာကိုငေးရမှာလဲ မောင်ရဲ့ မောင့်ကိုငေးနေတာပေါ့...."

ဂျီမင်ရဲ့စကားကြောင့် ဂျောင်ကုရယ်လိုက်ပြီးနောက် စင်ပေါ်မှာ မုန့်ထုပ်တွေစီနေလိုက်တယ် ။

" ညောင်းနေမှာပေါ့ အချစ်ရယ် သွားထိုင်နေပါလား..."

" ဟင့်အင်း မထိုင်ချင်ပါဘူး... မောင့်အနောက်ကနေတကောက်ကောက်လိုက်နေချင်တာ..."

ဘယ်ကနေအဲ့လိုစကားတွေတတ်လာသည်မသိ ဂျီမင်ဟာ သူ့ကိုတစ်နေ့တစ်မျိုး ချုပ်ဆေးတွေကျွေးနေလေတော့တယ် ။

" ဟုတ်ပါပြီဗျာ သဘောပါပဲ..."

ဒီနေ့ သူတို့နှစ်ယောက်ရဲ့ကျောင်းပိတ်ရက်ဖြစ်လေတယ် ။ ဒါကြောင့် ဂျီမင်က အိမ်မှာနေရတာပျင်းတယ်ဆိုပြီး ဂျောင်ကု အလုပ်လုပ်တဲ့နေရာကိုလိုက်လာလေတယ် ။

အခုလည်း ဂျောင်ကုက ဆိုင်ထဲမှာ မုန့်တွေလိုက်စီနေတာကို အနောက်ကတကောက်ကောက်လိုက်နေတယ်လေ ။ သူပါဝင်ကူပေးမယ်လုပ်နေတာကို ဂျောင်ကု မနည်းတားထားရလေတယ် ။

ကိုယ်ကသာအပင်ပန်းခံနိုင်ပေမယ့် ကိုယ့်ချစ်သူလေးကိုတော့ နည်းနည်းလေးတောင် မခိုင်းရက်ပါလေ ။ ပြီးတော့ ကိုယ့်ချစ်သူလေးက ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေရသူလေးဖြစ်တာကြောင့် သူကိုယ်တိုင်လည်း ရွှေလိုဥထားရလေတယ် ။

ဆိုင်ထဲဝယ်သူမရှိလို့သာတော်သေးတယ် မဟုတ်ရင် သူတို့နှစ်ယောက်ကိုမြင်ပြီး အမြင်ကပ်နေမှာသေချာလေတယ် ။

ထို့နောက် ဈေးဝယ်သူတွေရောက်လာတော့ ဂျီမင်က ဆိုင်ရှေ့က ခုံမှာ ငြိမ်ငြိမ်လေးသွားထိုင်နေလေတယ် ။

" နောက်လည်းလာအားပေးပါဦးဗျ... ကျေးဇူးတင်ပါတယ်...."

‌ဈေးဝယ်သူထွက်သွားတော့ ဂျောင်ကု နှုတ်ဆက်နေတုန်းမှာပဲ ဂျီမင် အနားရောက်လာလေတယ် ။

" မောင် ခုနကကောင်မလေးကိုကြည့်နေတာမလား...."

" ဟာ... မကြည့်ပါဘူး အချစ်ရယ်..."

နှုတ်ခမ်းကိုစူပြီး ရန်လာတွေ့နေတာကြောင့် ဂျောင်ကုမှာ ပျာပျာသလဲငြင်းလိုက်ရလေတယ် ။

Mysterious Love Circle ( Completed )Where stories live. Discover now