{ Unicode }
" Daddy သား ဒီနေ့ ခေါင်းကိုက်နေလို့ ကုမ္ပဏီမလိုက်လို့မရဘူးလားဟင်...."
" အရမ်းကိုက်နေတာလား သားငယ်လေး...."
" ဟုတ်... ညက Daddy လုပ်ခိုင်းတဲ့အလုပ်တွေအပြီးသတ်နေရတာလေ အိပ်ရာဝင်နောက်ကျတော့ အိပ်ရေးမဝပဲခေါင်းကိုက်နေတာ..."
မနက်ထမင်းစားဝိုင်းမှာ နှုတ်ခမ်းကိုဆူပြီး ပြောနေတဲ့သားငယ်ဟာ တကယ်ဖြစ်နေတာထပ် နည်းနည်းပိုပြောနေတာကို သိပေမယ့်လည်း ဆော့ဂျင် အပြစ်မဆိုရက်ပါလေ ။
" ဟုတ်ပါပြီ ဒါဆိုလည်း နားလိုက်ဦး.... ထမင်းစားပြီးရင် ဆေးသောက်ပြီး နားနေနော်...."
" ဟုတ်ကဲ့ Daddy...."
ဆော့ဂျင် ခွင့်ပြုပေးလိုက်တော့ သားက ကျေနပ်ကာရယ်နေလေတယ် ။ ပြောသလောက်လည်း ခေါင်းကိုက်တာက မဖြစ်လောက်ဘူးဆိုတာသိနေပေမယ့်လည်း ဆော့ဂျင် အတင်းအကြပ်မခေါ်သွားတော့ပေ ။ အတင်းအကြပ်ခေါ်သွားမိရင် သူ့ကိုတစ်နေကုန်ဂျီကျနေတော့မှာလေ ကလေးဆိုးလေးက ။
" ဒါဆို Daddy သွားတော့မယ်နော်... အိမ်မှာ နားနားနေနေ နေဟုတ်ပြီလား...."
" ဟုတ်ကဲ့ Daddy..."
Daddy ရဲ့ကား ခြံထဲကထွက်သွားသည့်နောက်မှာ ဂျီမင် အိမ်ထဲပြန်ဝင်လာခဲ့လိုက်တယ် ။ ဒေါ်လေးကလည်း သူ့ဘာသာအလုပ်ရှုပ်နေတာကြောင့် အခန်းထဲမှာ ရုပ်ရှင်ကြည့်နေလိုက်တယ် ။
မနေ့ညက Daddy ခိုင်းထားတဲ့အလုပ်ကို ညဉ့်နက်အထိလုပ်ထားတာမှန်သော်လည်း ခေါင်းကိုက်တာကတော့ အလုပ်မသွားချင်တာကြောင့် ဉာဏ်ဆင်လိုက်ခြင်းဖြစ်တယ် ။
မောင့်ဆီဖုန်းဆက်ရန် စိတ်ကူးသော်လည်း မောင်က ဒီအချိန်ဆို သူ့အဖေနဲ့အတူ ခြံထဲရောက်နေလောက်ပြီဆိုတာသိနေတာကြောင့် မဆက်ဖြစ်တော့ပေ ။
ရုပ်ရှင်ကြည့်နေရင်းနဲ့မှ ဂျီမင် ပျင်းလာတာကြောင့် မုန့်နဲ့အအေးယူရန် ထမင်းစားခန်းထဲဝင်ခဲ့လိုက်တယ် ။
" သားငယ်လေး နေ့လည်စာဘာစားချင်လဲ ဒေါ်လေးချက်ပေးမယ်လေ...."
" ရပါတယ် ဒေါ်လေးအဆင်ပြေတာသာချက်... ဒါနဲ့ သား သောက်နေကျ အအေးမရှိတော့ဘူးလားဟင်..."
YOU ARE READING
Mysterious Love Circle ( Completed )