{ Unicode }
" သားငယ် ချစ်သူတွေဘာတွေရနေပြီလား...."" အဟွတ်....ဟွတ် "
ရုတ်တရက်ကြီး မနက်စာထမင်းဝိုင်းမှာ မေးလာတဲ့ Daddy အမေးကြောင့် ဂျီမင် ထမင်းတောင်သီးသွားရလေသည်။ ဒေါ်လေးမင်ဂျူကမ်းပေးတဲ့ ရေကိုသောက်လိုက်တော့မှပဲ သက်သာသွားတော့လေသည်။
" မရှိပါဘူး Daddy ကလဲ...."
" မသိပါဘူး တက္ကသိုလ်ကျောင်းသားကြီးဖြစ်နေပြီဆိုတော့ .... ချစ်ရမယ့်သူများတွေ့နေပြီလားလို့..."
" ဟီး ဟီး မတွေ့သေးပါဘူး Daddy ရယ် တွေ့ရင် Daddy ကိုပြောမှာပေါ့...."
ရယ်ကျဲကျဲနှင့် Daddy ကိုလိမ်လိုက်ရပြီး စိတ်ထဲကမလုံးသလိုခံစားလိုက်ရသလို စိတ်လဲမကောင်းဖြစ်သွားရသည်။ ဂျီမင် Daddy ကိုတစ်ခါမှမလိမ်ခဲ့ဖူးပေ။ အခုတော့ ဂျီမင်နဲ့မောင့်အကြောင်းကိုသိရင် Daddy စိတ်ဆိုးသွားမလား ခွင့်မပြုနိုင်ဘူးလို့များ ပြောမလားဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့် လိမ်လိုက်မိခြင်းဖြစ်သည်။
အမြဲတမ်း ဂျီမင်အတွက်ပဲတွေးပေးပြီး ချစ်ပေးတဲ့ Daddy ကိုအခုလိုလိမ်လိုက်ရတဲ့အတွက် စိတ်ထဲကနေ အထပ်ထပ်တောင်းပန်နေမိသည်။
" ကျောင်းပိတ်ထားတုန်း Daddy နဲ့ ကုမ္ပဏီလိုက်ခဲ့ပါလား...."
" ဟင့်အင်း စာမေးပွဲကြောင့် မကြည့်လိုက်ရတဲ့ရုပ်ရှင်တွေကြည့်ရဦးမယ် Daddy ရဲ့...."
တစ်ဦးတည်းသော အချစ်ရဆုံး အဆိုးလေးကို ဆော့ဂျင် ကုမ္ပဏီကိုလိုက်ခဲ့ရန်ထပ်မခေါ်တော့ပေ။ ဘာမဆို သားငယ်ကိုအလိုလိုက်ပြီး အကုန်ခွင့်ပြုပေးခဲ့တာပဲမလား။
" ဟုတ်ပါပြီဗျာ.... အရမ်းလည်းမကြည့်နဲ့နော် မျက်စိကိုအနားပေးဦး..."
" ဟုတ်ကဲ့ Daddy ...."
Daddy ရဲ့အိတ်ကိုဆွဲပေးပြီး ဂျီမင် ကားအထိလိုက်ပို့ပေးခဲ့သည်။ Daddy ကားလေး ထွက်သွားတော့ ဂျီမင်လည်း အခန်းထဲဝင်ပြီး ရုပ်ရှင်ကြည့်နေခဲ့သည်။ ရုပ်ရှင်ထဲ ဘယ်လောက်တောင် အာရုံရောက်သွားသည် မသိ မောင့် ဆီကဖုန်းသံကြားတော့မှ နာရီကိုကြည့်မိတော့ ၁၂နာရီတောင်ထိုးခါနီးနေပြီဖြစ်လေသည်။
YOU ARE READING
Mysterious Love Circle ( Completed )