❤️ 14 ❤️

127 20 2
                                    

{ Unicode }

ခပ်သုတ်သုတ်နဲ့မပြေးရုံတမယ်သွားနေရင်း အနောက်ကိုလည်း ခနခနလှည့်ကြည့်နေခဲ့မိသည် ။ လက်ဖဝါးထဲကမှာကိုင်ထားသည့် အေးစက်တုန်ရီနေသည့်လက်လေးကို တင်းတင်းဆုပ်ကိုင်ထားရင်း သူကိုယ်တိုင်လည်း ရင်တွေတုန်ကာ စိတ်လှုပ်ရှားနေခဲ့မိသည် ။

" မောနေပြီလား ယွန်းဂီ...."

" ရပါတယ် အကို...."

ရပါတယ်လို့ပြောပေမယ့်လည်း ယွန်းဂီ ရဲ့အသံလေးက တုန်ရီနေခဲ့လေသည် ။ ဆော့ဂျင် ကိုယ်တိုင်လည်း မောဟိုက်နေပြီဖြစ်ပေမယ့် မနားနိုင်သေးပေ ။ အခုအချိန်မှာ ကားဂိတ်ကိုအမြန်ရောက်ရန်အတွက်သာ စိတ်စောနေခဲ့မိ‌သည် ။

ညနက်နေပြီဖြစ်တာကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေပြီး သူတို့နှစ်ယောက်ရဲ့ ‌ခြေသံနဲ့အသက်ရှူသံပြင်းပြင်းတို့ကသာ စိုးမိုးထားလေတယ် ။

ခပ်လှမ်းလှမ်းမှာမြင်နေရပြီဖြစ်တဲ့ကားမှတ်တိုင်ကိုမြင်ရတော့ ဆော့ဂျင် အားတက်သွားခဲ့ရသည် ။

" ရောက်ခါနီးပြီနော် ယွန်းဂီ...."

ယွန်းဂီ ကပြန်တောင်မဖြေနိုင်တော့ပဲ ခေါင်းသာငြိမ့်ပြလေသည် ။ အခုသူတို့နှစ်ယောက် အိမ်က‌နေထွက်ပြေးလာခဲ့ခြင်းဖြစ်သည် ။ ဒီအတောအတွင်း အဖေသူ့ကိုယုံကြည်အောင် ဆော့ဂျင် ကြိုးစားခဲ့သည် ။

အဖေ့ဆီကယုံကြည်မှုကိုရရှိချိန်မှာတော့ ယွန်းဂီနဲ့အတူ ထွက်ပြေးရန် အစီအစဉ်ဆွဲခဲ့ကြသည် ။ ဒီနေ့က သူတို့နှစ်ယောက်လုံးရဲ့စာမေးပွဲနောက်ဆုံးနေ့လည်းဖြစ်တာကြောင့် ဒီနေ့ကိုရွေးထားခဲ့ခြင်းဖြစ်သည် ။

အဖေနဲ့အမေ အိပ်ပျော်လောက်တဲ့အချိန်ကိုစောင့်ကာ ဆော့ဂျင် အိမ်ကထွက်ခဲ့ပြီး ယွန်းဂီကိုသွားခေါ်ခဲ့သည် ။ သူတို့နှစ်ယောက် နယ်မြို့လေးတစ်ခုဆီကိုညဘက်ထွက်သည့် ကားစီးပြီး ထွက်သွားရန်စိတ်ကူးထားသည် ။

ကားဂိတ်ကိုရောက်တော့ နှစ်ယောက်သားထိုင်ရင်း အမောဖြေလိုက်ကြသည် ။ ဆော့ဂျင်က အိတ်ထဲမှာထည့်လာသည့် ရေဘူးကိုထုတ်ပြီး ယွန်းဂီကိုအရင်သောက်ခိုင်းလိုက်သည် ။ ယွန်းဂီသောက်ပြီးတော့မှပဲ သူဆက်သောက်လိုက်သည် ။

Mysterious Love Circle ( Completed )Where stories live. Discover now