အခန်း (၅)

4.1K 377 14
                                    

(Unicode)

ရင်ခွင်ထဲက ကောင်ငယ်လေးကို ထုတ်လို့ မျက်နှာချင်းဆိုင်စေတော့ ကလေးက ခေါင်းလေးကို ငုံ့ထားသည်။
မတရားငိုထားတာမို့ ခန့်ရိပ်လင်းထင် အင်္ကျီမှာလဲ မျက်ရည်တွေ အိုင်ထွန်းလို့။
ငိုထားတဲ့ ကလေးရဲ့ နှာခေါင်းထိပ်လေးတွေမှာလဲ နီရဲကာ မျက်ခွံလေးတွေပါ မို့နေတော့သည်။

မငိုစေချင်ပေမယ့် ခုလိုပုံစံလေးကို မြင်တော့လည်း အသည်းတယားယားနဲ့ ချစ်ရပြန်သည်။

"ဟား ဟား ဟား...."

ခန့်ရိပ်လင်းထင်ရီလိုက်တော့ ခေါင်းငုံ့ထားတဲ့ ကလေးလေးက 'ဘာရီတာလဲ' ဆိုတဲ့ အကြည့်နဲ့ မော့ကြည့်လာပုံက ပေစောင်းစောင်းလေး။

"ကြည့်ပါဦးကွာ....ငိုထားတာများ နှာရည်တွေပါထွက်လို့ ညစ်ပတ်အိုးလေး ဖြစ်နေပြီ သိရဲ့လား ကလေးလေးရဲ့"

နှာခေါင်းထိပ်ရဲရဲလေးကို လက်ညှိုးနဲ့ လက်မသုံးကာ ဖွဖွလေး ဖြစ်ရင်းဆိုလိုက်တော့....

‌မျက်စောင်းလေးထိုးကာ ခန့်ရိပ်လင်းထင်ရဲ့ လက်တွေကို ပုတ်ချပြီး တစ်ဖက်သို့လှည့်သွားတော့သည်။

ကောက်သွားတာပေါ့လေ။ခြေထောက်လေးပါ ဖွဖွလေး ဆောင့်လိုက်သေး။ နှုတ်ခမ်းခမ်းလေးမှာလဲ ဆူထော်လို့။

တကယ် တကယ် သည်းပုံစိတ်ကောက်တာလေးက ငယ်ငယ်တုန်းကထက်တောင် ချစ်ဖို့ကောင်းလာသေးတာ။

ဒါမဲ့ အမြန်ချော့မှဖြစ်မည် မဟုတ်ရင် အနားပါအကပ်မခံမှဖြင့် ခက်ရချည်ရဲ့။

"ကလေးက ကိုကို့ကို စိတ်ကောက်သွားတာလား"

"......."

ကျောပေးထားတဲ့ အတိုင်း နည်းနည်းလေးတောင် လှည့်ကြည့်မလာတဲ့ အပြင် လက်ကလေးပါ ပိုက်‌လိုက်သေးတာ။ခန့်ရိပ်လင်းထင်မှာတော့ ငိုမှာကြောက်ပေမယ့် သည်းပုံရဲ့ ချစ်စရာအပြုအမူလေးတွေကြောင့် အသည်းယားစွာထက်စမိတော့သည်။

"လူကြီးလေး ဖြစ်နေတာတောင် စိတ်ကကောက်တုန်းပဲလားကွာ"

"........"

လက်ကလေးပိုက်ထားလျက် လှည့်ကြည့်လာပုံက 'ကောက်တော့ ဘာဖြစ်လဲ'ဆိုတဲ့ အကြည့်စူးစူးလေးက ခန့်ရိပ်လင်းထင် ဆီ တည့်တည့်...

ချစ်သည်းပုံ||Complete✓||Where stories live. Discover now