အခန်း(၁၁)

2.9K 232 15
                                    

(Unicode)

နေရောင်ခြည်အလင်းရောင်က ဝရံတာမှာထိုင်ကာ လပိုင်းအတွင်း စုပုံနေပြီဖြစ်တဲ့ အလုပ်တွေကို ဖြေရှင်းနေတဲ့ ခန့်ရိပ်လင်းထင်ရဲ့ မျက်နှာပေါ်ဖြာကျလျက်။

မြို့တော်ကို ပစ်ပြီး ချစ်ရသူရှိရာလိုက်လာခဲ့တဲ့ နေ့ရက်တွေ။မကြာခင်မှာ မြို့တော်မှာရှိတဲ့ ချစ်ရသူအတွက်ရည်ရွယ်ကာ ဆောက်ထားခဲ့တဲ့ ခြံပတ်လည်မှာရှိတဲ့ ငုဝါပင်တွေကလဲ တစ်ခြံလုံး ဝါထိန်နေအောင် ပွင့်တော့မည်။

ရည်ရွယ်ချက်ဟာ ဘိလပ်က ပြန်ရောက်ရောက်ချင်း ချစ်ရသူကိုလာတွေ့မည်။ မိဘတွေဆီ ခွင့်တောင်းမည်။ချစ်ရသူကိုခေါ်လို့ မြို့တော်မှာ နေထိုင်မည်။ သိပ်ကိုရိုးရှင်းခဲ့တဲ့ စိတ်ကူးတွေ။ ဘာမုန်းတိုင်း ဘာလှိုင်းကြမ်းမှမပါ။

သာယာအေးကို ရောက်ကတည်းက မသာယာနိုင်ခဲ့ပါ။ ချစ်ရသူရဲ့ အဖြစ်ဆိုးအတွက် ရင်နာရလွန်းလို့။ရင်ခွင်ထဲထည့်ကာ ဖက်ထားမိတဲ့ အချိန်တိုင်းမှာ သူ့မှာ နောင်တတွေရယ်လို့ တစ်ပွေ့တစ်ပိုက်။ခုရက်ပိုင်းတွေ ချစ်သည်းပုံလေး သိပ်ပြုံးရယ်လာသည်။ ဒီအပြုံးတွေ အမြဲတည်တံ့နေစေချင်ပါသည်။ တီတီတာတာ စကားသံတွေလဲ ပြန်ကြားချင်လှပြီ။

အတွေးတို့ကြားထဲ ဖြတ်ဝင်လာတဲ့ ရီသံပိစိလေးတွေ။ဝရံတာကနေ ငုံ့ကြည့်လိုက်တော့ မြက်ခင်းစိမ်းစိမ်းပေါ်က လူသားဖြူဖြူဖွေးဖွေးသေးသေးလေး။ဘေးမှာတော့ ဖြူစွတ်နေတဲ့ ခွေးဝတုတ်လေးတစ်ကောင်။ကူးကူးက တစ်ခုခုလုပ်ပြတိုင်း ကျေကျေနပ်နပ် လျှံထွက်လာတဲ့ ရီသံ ပိစိလေးတွေ။ပြုံးနေတာများ သွားတန်းလေးတွေ ပေါ်သည်အထိ။

အပြုံးတို့ဟာ ဝတုတ်ကောင်ကြောင့်ဆိုပြန်တော့ ခန့်ရိပ်လင်းထင်မှာ သိပ်အလိုမကျပြန်။

"ငါ့ကလေး‌ရဲ့ အချစ်တွေကို ဒီဝတုတ်က လိုက်လုနေလိုက်တာများ.....အမြင်ကတ်စရာ"

ထပ်ရှို့တာ....နှာခေါင်းလေးကို နှုတ်ခမ်းရဲရဲလေးနဲ့ နမ်းပစ်လိုက်တာ။ရင်ထဲမှာ ဝုန်းဒိုင်းကြဲ။ခွေးဝတုတ်နဲ့တောင် လောင်လောင်မြိုက်မြိုက် သရုပ်ပျက်နေလိုက်တာ။

ချစ်သည်းပုံ||Complete✓||Where stories live. Discover now