အခန်း(၂၃-၂)

840 36 0
                                    

(Unicode)

"မမမြ သည်းပိုရော"

"ဆေးသောက်ပြီး အိပ်မယ်ဆိုပြီး အိမ်ပေါ်တက်သွားတာပဲလေ ဖိုးဉာဏ်ရယ်"

"ဟင်....ကျွန်တော် တစ်ချိန်လုံး အပေါ်ထပ်မှာရှိနေတာပါ သည်းပိုတစ်ခါမှတက်မလာလို့ ခုဆင်းကြည့်တာ"

"ဟယ်....မမလည်း သူကကြက်စွတ်ပြုတ်သောက်ချင်တယ်ဆိုလို့ ချက်ပြုတ်နေတာနဲ့
အပေါ်မှာပဲရှိမယ်ထင်နေတာ
ဒုက္ခပါပဲ...ဒီကောင်မလေး ကိုယ်ဝန်ကြီးနဲ့ကို
ဘယ်ထွက်သွားပါလိမ့် ခက်တာပဲ"

ဖိုးဉာဏ်ရဲ့ မျက်နှာသည်တစ်ဖြည်းဖြည်းတင်းမာလာပြီး.....

"ကျွန်တော် အပြင်မှာ သွားရှာကြည့်မယ်"

ဟုဆိုကာ ချက်ချင်းထွက်သွားတော့သည်။

သည်းပိုရဲ့အရှက်ကို ဖိုးဉာဏ်က သူ့ဘဝနဲ့ရင်းပြီး ကာကွယ်ပေးခဲ့တာ။
သည်းပိုကတော့ သူ့ချစ်သူဆုံးပါးသွားကတည်းက တစ်မှိုင်မှိုင်နှင့်အားမရလှ။
ကျန်းမာရေးကအစ ချူချာလာတဲ့ သည်းပိုဟာ မွေးဖွားဖို့ရန်အတွက်တောင် စိုးရိမ်ဖွယ်ရာပင်။

ခုလည်း ဘယ်ထွက်သွားမှန်းမသိ ခက်လိုက်ပါဘိ။

သည်းပိုနှင့်မြန်မြန်ဆန်ဆန်ပဲ လက်ထပ်ခဲ့ပြီး တစ်ခြားရွာသို့ပြောင်းလာခဲ့တာ မကြာသေးပေမယ့် ဉာဏ်တို့ကို ဒီရွာမှာ မသိသူမရှိ။
လက်ရှိမှာ ဉာဏ်က ရွာကကလေးတွေကိုလည်း အားသည့်အချိန်တိုင်းစာပြပေးတတ်သည်။
အလုပ်တွေများအောင် တမင်လုပ်ယူနေခဲ့ခြင်း။
အလုပ်မရှိရင် အရူးလိုလွမ်းနေမိမှာစိုး၍။

အတွေးတို့အား ခပ်မြန်မြန်ဖြတ်ကာ သည်းပိုကိုရှာရမည်။

"ဟာ...ကိုဖိုးဉာဏ်ကြီး ဘယ်တုန်းဗျ"

လယ်တောထဲမှပြန်လာပုံရသောရွာသားတစ်ဦးမှ သူ့အားနှုတ်ဆက်စကားဆို၏။

"သည်းပို အိမ်ကထွက်သွားလို့ရယ်
ဒါနဲ့ သည်းပိုကိုရော တွေ့မိသေးသလား"

"တွေ့ခဲ့ပါ့ဗျာ....ကျုပ်ကဘယ်လဲမေးတာတောင်
ပြန်ဖြေမသွားပါဘူး"

"ခင်ဗျာ.....တွေ့လိုက်တယ်လား
ဘယ်ကို ထွက်သွားသလဲ"

"ဟိုး ရွာထိပ်ဆီ ထွက်သွားတာပဲ
လင်မယားတွေ ရန်ဖြစ်ကြထားသလား....."

ချစ်သည်းပုံ||Complete✓||Donde viven las historias. Descúbrelo ahora