အခန်း(၂၆)

2K 149 15
                                    

(Unicode)

"မစားမသောက်နဲ့ ဒါက ဘယ်လိုဖြစ်နေတာလဲ.....!!!!"

စားပွဲပေါ်မှာအရာမပျက်ယွင်းပဲ ရှိနေသေးသည့် ဟင်းခွက်တွေအားကြည့်ကာ မေးလိုက်တော့။

ချစ်သည်းပုံလို အကြောတင်းလေးဟာ တစ်ခွန်းမှပြန်မဖြေ။ဘေးမှာရှိတဲ့ ကြီးမြရင်ခွင်ထဲကိုသာ အတင်းတိုးနေသည်။
စိတ်ကောက်တာ ခုထိမချော့ရသေးသည်မို့ အခြေအနေဟာ စိုးရိမ်ရေမှတ်။

"ကြီးမြ လုပ်စရာရှိတာသွားလုပ်လို့ရပြီနော်"

"အေးအေး သား"

"ဟင့်အင် ဟင့်အင်
ကြီးမြ မသွားနဲ့ ဘယ်မှမသွားရဘူး"

အသံသုံးခုသည် ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာကြသည်။
ဒီကလေးကတော့.....!

"ကြီးမြ...!"

"အေးအေး..."

"ဟင့်အင်ပါဆို..."

ထပ်မံထွက်ပေါ်လာတဲ့ အသံသုံးသံ။ဒီသေးသေးလေးကို တကယ်စိတ်မရှည်တော့ပါ။
အနားကို ချက်ချင်းသွားကာ ဆွဲပွေ့လိုက်တော့ လူးလွန့်နေအောင် ရုန်းသည်။တကယ့် အဆိုးအဆာလေး။

"ကြီးမြ သွားတော့..."

"အေးအေး"

ကြီးမြသည် ဒီကလေးတွေကြား ကြာကြာဆက်ရှိမနေသင့်မှန်းသိကာ ချက်ချင်းထထွက်သွားတော့သည်။

"မချီနဲ့ ချပေး ခုအောက်ချပေး"

လူးလွန့်ရုံမက ကော့ပြန်ချသည်ထိ ခန့်ရိပ်လင်းထင်ရဲ့ လက်တွေကြားမှရုန်းသည်။

"မဆိုးနဲ့နော် မချစ်ဘဲနေလိုက်မှာ"

လှုပ်ရှားမှုတွေ ချက်ချင်းရပ်သွားသည်မို့ မဆိုးဘူးဟု ကောက်ချက်ချဟန်ပြင်တုန်းမှာပဲ မျက်လုံးအိမ်ဝိုင်းဝိုင်းလေးထဲက မျက်ရည်တွေသည် တအိအိလိမ့်ဆင်းလာသည်။

"ထမင်းစားမယ် ချပေးတော့"

ငိုသံစွက်ကာ ပြောလာတော့ ကြောင်အကာကျန်ခဲ့သည်မှာ ဒီကောင်သာ။လက်တွေကြားမှရုန်းထွက်ကာ ထိုင်ခုံမှာ ငြိမ်ငြိမ်လေးသွားထိုင်သည်။ဒီလိုပုံစံလေး‌တွေကအစ အသည်းမှာ တဆစ်ဆစ်လာနာသည်။

ချစ်သည်းပုံ||Complete✓||Where stories live. Discover now