အခန်း(၁၇)

2.6K 206 4
                                    

(Unicode )

ဒေါက် ဒေါက် ဒေါက်...!!

အိပ်နေတုန်း နားထဲဖြတ်ဝင်လာတဲ့ တံခါးခေါက်သံကြောင့် ခန့်ရိပ်လင်းထင်မှာ အမြန်ထကာ ရင်ခွင်က ကလေးရဲ့ နားနှစ်ဖက်ကို အရင်အုပ်ပေးထားလိုက်ရသည်။

“ကလေးကို....လန့်နိုးအောင် လုပ်နေကြတာပဲ”

တံခါးခေါက်သံ ရပ်သွားမှ....လက်ကိုဖယ်လိုက်ကာ နာရီကို ကြည့်တော့ မနက် ၇နာရီ.....

စောစောစီးစီး ဒီအိမ်မှာ ဘာတွေရှုပ်နေကြပြန်ပြီလဲ။ကလေးကို သေချာ စောင်ပြန်ခြုံပေးခဲ့ပြီး တံခါးကို ဖွင့်လိုက်တော့....

“ကိုခန့်....အောက်မှာ ဦးလေးတိုက်မောင်း
ရောက်နေတယ်...”

“သိပြီ....လာခဲ့မယ်
စောင့်ခိုင်းထားလိုက်...”

အိပ်ယာထဲက ကလေးလေးရဲ့ နဖူးလေးကို တစ်ချက် နမ်းကာ လုပ်စရာရှိတာ ဆက်လုပ်လိုက်သည်။အဝတ်အစားပါ တစ်ခါတည်းလဲလိုက်သည်။

ခန့်ရိပ်လင်းထင် ပြင်ဆင်နေတုန်းမှာပဲ နားထဲဖြတ်ဝင်လာတဲ့ အသံသေးသေးလေး။

“အင်း....ကိုကို....”

ကလေးငယ်မှာ ဘေးနားက ခန့်ရိပ်လင်းထင် ရှိ‌ဦးမယ်အထင်နှင့် အိပ်ယာ တစ်ဖက်ခြမ်းကို လက်သေးသေးလေးတွေနဲ့ လိုက်စမ်းနေသည်။
လုပ်လက်စကို အမြန်လက်စသတ်ကာ ကုတင်ရှိရာပြေးရသည်။

“ကလေးလေး....နိုးပြီလား”

ကုတင်ပေါ်ထိုင်လိုက်ကာ ပါးလေးကို ဖွဖွလေးဖြစ်ရင်း မေးတော့....

“ဟင့်အင်....”

ခေါင်းအုံးပေါ်ကနေ ခန့်ရိပ်လင်းထင်ရဲ့ ပေါင်ပေါ်ကို ပြောင်းအိပ်ကာ ခါးကိုပါဖက်တွယ်လာတဲ့ လက်သေးသေးလေးတွေ။ဝမ်းဗိုက်နေရာကို မျက်နှာအပ်ကာ အချွဲပိုနေပြန်သည်။

“မိုးလင်းကတည်းက မချစ်ချစ်အောင်
အမျိုးမျိုးခြွေနေတော့တာပဲနော်
သေးသေးလေးက အတော်‌ဆိုးနေပြီ”

မျက်နှာအပ်ထားရာမှ ခွာလိုက်ပြီး.....မော့ကြည့်လာသည်။

“ဘာလို့ အစောကြီး ထပြီး
မင်းသားရှုံးအောင် ပြင်ထားရတာလဲ”

ချစ်သည်းပုံ||Complete✓||Where stories live. Discover now