Unicode
“ကိုကို တကယ်လိုက်မပို့ဘူးလား”
ခန္ဓာကိုယ်သေးသေးလေးသည် စောင်ပုံထဲမြုပ်နေသော်လည်း ချစ်သည်းပုံဆိုသော ကလေးလေး၏အသံသည် အိပ်ခန်းကျယ်ထဲခပ်ဆူးဆူးကလေး ထွက်ပေါ်လျက်ရှိသည်။
“ကလေး ဖျားနေတယ်လေကွာ”
မြို့အုပ်မင်းသည် ကလေးလေးအနားတိုးသွားကာ စောင်ပုံထဲမှလုံးလုံးလေးအား ချော့ကာပြောလေတော့..
“ဘာလို့ ဘာလို့ဖျားအောင်ထားလဲ!”
“ဟောဗျာ.....”
"ရာသီဥတုကအေးလာပြီ ရေစောစောချိုးပါ ကလေးရယ်"ဆို "ကိုကိုတို့လူကြီးတွေ သိပ်ခက်တယ် ရာသီဥတုကအေးပေမယ့် ရေချိုးပြီးရင်ပြန်ပူတာ ချိုးသေးဘူး"....အဲ့လို အဲ့လိုလေးတွေ စောဒကတက်တက်သူဟာ ခုလိုဖျားတော့ ကိုယ့်အပြစ်သာ။
ကလေးလေးသည် အလိုလိုက်ခံလေးမို့ အမျိုးမျိုးဆိုးသည် ဆောင်းဝင်စမို့ဖျားမယ်ပြောလဲမရ ချော့လိုက်ခြောက်လိုက်နှင့် ရေချိုးခိုင်းရသောနေ့တွေသည် ခပ်များများ။
မကြာသေးမီလကပင် ဆရာဝန်ကြီးနှင့်ဖိုးခွားတို့ ပေါင်းဖက်သွားခဲ့ကြပြီဖြစ်သည်။
ခုစောင်ပုံထဲက ကလေးဆိုးနေသည့်ကိစ္စမှာ ဆရာဝန်ကြီးတို့ခြံထဲ၌ နှစ်သစ်ကူးပါတီအသေးစားလေးကျင်းပရာသို့ သွားချင်၍ဆိုးနေခြင်း။
သူ့ကိုကြည့်တော့ လူကနေမကောင်း။
ခက်လိုက်တာ....။“အပြင်မှာ အရမ်းအေးနေတယ်
ကလေး ထက်ဖျားရင် ဒီတစ်ခါတကယ် ဆေးထိုးရမှာနော်”သူပြောလိုက်သောအခါ ကလေးလေးသည် စောင်ပုံထဲမှ ချက်ချင်းထထိုင်သည်။
“ကိုကို ပုံပုံ့ကိုမချစ်တော့ပါဘူး
ပုံပုံသိပါတယ်.....”“ဟင်....!”
“ပုံပုံ ဖိုးခွားတို့ဆီသွားချင်တယ်ပြောတော့လည်း
ကိုကိုလိုက်မပို့ပါဘူး
ခုလဲ ဆေးထိုးရမှာကြောက်တာသိရဲ့သားနဲ့
ထက်ဖျားရင်ဆေးထိုးရမယ်လို့လဲ ပြောပြန်ပါတယ်
ကိုကို မချစ်တော့တာသိပေမယ့်
အဲ့လိုတော့မပြောသင့်ပါဘူး”မျက်နှာသေလေးနဲ့ စကားလုံးတစ်လုံးချင်းစီအား ပီပီသသပြောသွားပုံပါ ဖြစ်ညှစ်ပစ်ချင်စရာတော်တော်လေး ကောင်းခဲ့ပါသည်။
ESTÁS LEYENDO
ချစ်သည်းပုံ||Complete✓||
Romance....အချစ်ဆိုတာ အပြစ်အနာအဆာ ရှိတိုင်း စွန့်ပစ်ဖို့မှ မဟုတ်တာ ရွေးချယ်ပြီးမှတော့ အပြစ်ဆိုလဲ မမြင်တော့သလို အသစ်ဆိုလဲ မလိုချင်တော့ပါဘူး.....သည်းပုံကသာ ကျွန်တော့်ဘဝ ကျွန်တော့် အသက်ပါ....💛