အခန်း(၇)

3.7K 342 22
                                    

(Unicode)

“ဒီက မြို့အုပ်မင်း နာမည်က....”

“ခန့်ရိပ်လင်းထင်ပါ ဘုရား”

“အေးအေး ခုဘုန်းဘုန်းတို့ရွာရောက်မှတော့ လိုတာရှိရင်ပြောနော် ဒကာလေး ဘာမှအားနာစရာမလိုဘူး”

“တင်ပါ့ဘုရား......”

“ဒါနဲ့ မိဘများကရော ဘာလုပ်ကြသလဲကွဲ့”

“တပည့်တော်ရဲ့ မိဘနှစ်ပါးလုံး ဆုံးပါးသွားပါပြီ ဘုရား”

“ဘုန်းဘုန်း သိလောက်မှာပါ ပွဲစား ဦးလင်းရိပ်ထင်နဲ့ ဒေါ်မြနန်းနွယ် ဆိုတာ တပည့်တော်မိဘတွေပါဘုရား”

“ဟေ....”

ခန့်ရိပ်လင်းထင်ငယ်ငယ်က ဖေဖေနဲ့ မကြာခဏဒီရွာကို လာလည်တတ်တာမို့ ဦးလေးဉာဏ်ရဲ့ သူငယ်ချင်း ဖြစ်သူ ဦးထွန်းသာ ကိုပါရင်းနှီးပါ၏။
ဦးထွန်းသာမှာတော့ တစ်ခြားသူမဟုတ် ယခုလက်ရှိ ရွာဦးကျောင်းဆရာတော်သာ....

နှစ်တွေကြာပြီမို့ ငယ်ရုပ်ပါပြောင်းသွားသည့် ခန့်ရိပ်လင်းထင်ကို မမှတ်မိနေခြင်း.....

စကားအတော်ကြာပြောပြီးနောက် ခန့်ရိပ်လင်းထင်လဲ ဘုန်းဘုန်းကို ကန်တော့ကာ ပြန်ဖို့ ခြေလှမ်းပြင်လိုက်စဉ်.....

“ဒကာလေး....”

ဘုန်းဘုန်းရဲ့ ခေါ်သံကြောင့် နောက်ကို ပြန်လှည့်ကာ....

“တင်ပါ့ဘုရား...”

“တစ်ချို့အတိတ်တွေကို နာကျင်မှုဒဏ်ခံနိုင်မှတူးဆွပါ....အဲ့လိုမှ မဟုတ်ရင်တော့ အတိတ်ကိုအတိတ်မှာပဲ ထားခဲ့ပြီး ပစ္စုပ္ပန်ကိုပဲ ကြည့်ပါ....ဖောက်ပြီးသားလမ်းကိုသာ အကောင်းဆုံးဆက်လျှောက်ပါ ဒကာလေး”

“တင်ပါ့ဘုရား.....ဘုန်းဘုန်းရဲ့စကားတွေကို တပည့်တော် မှတ်ထားပါ့မယ်”

“ကောင်းပါပြီ.....”

သူမသိတဲ့ အတိတ်ဆိုတဲ့အရာမှာ ပါဝင်ခဲ့သူတွေဟာ မည်မျှ နာကျင်ခဲ့ပါသနည်း။

သူ့အတွက် ၈နှစ်တာ အတိတ်နေ့ရက်တွေ အထူးသဖြင့် သည်းပုံ အဝေးမှာ ရှင်သန်ခဲ့ရတဲ့ အတိတ်နေ့ရက်တွေ သိပ်နာကျင်ရပါတယ်။

ချစ်သည်းပုံ||Complete✓||Donde viven las historias. Descúbrelo ahora