အခန်း(၂၂)

2K 140 6
                                    

(Unicode)

Song recommend for this part...🎶

ကားလမ်းမတစ်လျှောက် အလွမ်းတွေက တရိပ်ရိပ်။
သူခရီးသွားပြီး ပြန်လာတိုင်း ကိုယ်လာကြိုတာမျိုးကို သဘောကျပါတယ်ဆိုတဲ့ကောင်လေးကို မလွမ်းနိုင်လို့ ခရီးမသွားစေချင်ခဲ့ပေမယ့်
အတူတူဆို  ကမ္ဘာအဆုံး တစ်ပတ်ပတ်လိုက်ချင်ပါတယ်။

ရှုခင်းလှလှလေးတွေကို သူကငေးနေတဲ့အခါ
ရှုခင်းတွေကို မငေးနဲ့
ကိုယ့်ကိုပဲငေး....လို့ ဂျစ်ပစ်ဦးမယ်ထင်ပါတယ်။

ရဲရဲတင်း‌တင်း မဆုပ်ကိုင်ဖူးတဲ့
လက်ချောင်းညိုညိုလေးတွေကို ချွေးစေးထွက်သည်ထိ ဆုပ်ကိုင်ထားပစ်မယ်။

နှစ်ယောက်တည်း သွားတဲ့ ခရီးတိုင်းမှာ
အကောင်းစား နိုင်ငံခြားဖြစ်
ကင်မရာတစ်လုံးပါမယ်။

လှုပ်ရှားမှုသေးသေးလေးကအစ
မှတ်တမ်းတင်ထားမယ်။

တွေးရင်းနဲ့တောင် ရင်ခုန်သံဟာ ဝုန်းဒိုင်းကြဲ။

တိတိကျကျ နှစ်ယောက်တည်း ခရီးထွက်ဖို့ အားတဲ့အခါ သေသေချာချာ စီစဉ်မှဖြစ်မယ်။

ကားဟွန်းကို နှစ်ချက်လောက်ဆင့်တီးလိုက်တာနဲ့ ခြံတံခါးကို ဘကြီးတိုးက လာဖွင့်ပေးသည်။

ကားကို နေရာတကျရပ်လိုက်ကာ ကားပေါ်ကဆင်းလိုက်သည်။

ဘကြီးတိုးကတော့ ကားပေါ်က ပစ္စည်းတွေချဖို့ ပြင်နေပြီ။
မျက်လုံးကို အနည်းငယ် လှုပ်ရှားကြည့်မိတဲ့အခါ မြင်ကွင်းထဲ အညိုရောင်အရိပ်ကလေးသည်ကပ်၍တောင် ပါမလာခဲ့။

'လွမ်းပါတယ်ဆိုမှကွာ....' ရင်ထဲမှာသာကြိတ်၍သာ အပြစ်တင်လိုက်မိပါ၏။

“သား....နားတော့လေ ပစ္စည်းတွေသယ်ခဲ့ပေးမယ်”

ခုထိနေရာက မရွေ့တဲ့သူ့ကို ဘကြီးတိုးက သတိပေးစကားဆိုလိုက်ခြင်း။

“ဉာဏ်ရော....ဘကြီးတိုး”

သူ့အမေးမှာ ဘကြီးတိုးသည် ချက်ချင်းပြန်မပြော။ခပ်ဆွေးဆွေးကြည့်ရင်း အိတ်ကပ်ထဲက စာခေါက်လေးကို ကမ်းပေးလာသည်။

ချစ်သည်းပုံ||Complete✓||Tahanan ng mga kuwento. Tumuklas ngayon