အခန်း (၃)

4K 357 28
                                    

(Unicode)

“မြို့အုပ်မင်းလေး အိမ်ထဲကိုကြွပါရှင်....ကြွပါ”

စောန ဘီလူးစီးနေတဲ့ မျက်နှာဟာ ခုတော့ ပျားရည်အိုးမှောက်ချလိုက်သလို ချိုမြလို့....အဟက် တတ်လဲ တတ်နိုင်တဲ့သူတွေ

“ဟဲ့ နင့်ဦးလေးကို ရွာဦးကျောင်းမှာ လိုက်ခေါ်ချေ ဒီမှာ မြို့အုပ်မင်းတို့ရောက်နေပြီလို့”

ကိုယ့်ကိုငေးကြည့်နေတဲ့ကောင်လေးက ရှေ့က အဒေါ်ကြီးအသံကြားမှ သတိဝင်လာပြီး ခေါင်းလေး ညိတ်လို့ လှည့်ထွက်သွားတော့မည့်ပုံ....

“ကိုယ့်ကိုရေတစ်ခွက်လောက် ခပ်တိုက်ပါလား”

သည်းပုံကို ဦးတည်ပြီး ပြောလိုက်တဲ့ ကိုကို့အသံ....
အသံမှာကအစ ဩဇာအပြည့်နဲ့။

“ဟယ် မြို့အုပ်မင်းလေးက ရေသောက်ချင်လို့လား ရမယ် ရမယ် ......ဟဲ့ သွားခပ်ပေးလိုက်လေ”

“........”

ခေါင်းလေးညိတ်လို့ အိမ်ထဲပြေးဝင်သွားတဲ့ ပုံရိပ်လေး......သိပ်ဝမ်းနည်းခဲ့ရတယ်မလား။ကိုကိုရောက်လာပါပြီ ကလေးရယ်။

ဘေးကရပ်နေတဲ့ အမျိုးသမီးဘက်ပြန်လှည့်တဲ့အချိန်မှာတော့ ခန့်ရိပ်လင်းထင်ရဲ့ အကြည့်တွေဟာ စူးရှလျက်။ ဒီမိန်းမက သည်းပုံကို အော်လိုက်တယ်။သူ့ရှေ့မှာပဲ ခေါင်းခေါက်တော့မည့် မြင်ကွင်း။ ကလေးငယ်မှာ ခါးကျိူးမတတ်ငုံ့ကိုင်းလိူ့ ကြောက်ရွံ့နေသည်။သွက်လက်တဲ့ကလေးရဲ့ရင်ထဲကို ဘယ်လို အကြောက်တရားမျိုးများရိုက်ထည့်ပေးခဲ့ကြတာလဲ။မဟုတ်ရင် ကလေးက ခုလောက်ထိ လူကြောက်နေစရာမလို။

အားနည်းချက်ရှိနေတဲ့ကလေးမို့ သိမ်ငယ်နေမှာအမှန်။ ဦးလေးဖြစ်သူမိသားစုပေမယ့် မိသားစုလိုက်မစုံသေးခင်မှာပဲ သိလိုက်ရသည်က ဒီလူတွေ သည်းပုံအပေါ်တစ်ယောက်မှ မကောင်းဘူး။အတွေးနဲ့တင် ဒေါသက ထောင်းခနဲ။ဒေါသနောက်မှာလဲ လက်တွေက တဆက်တည်း လှုပ်ရှားပြီးသား။ဘေးနားမှာ မတ်တပ်ရပ်လို့ ကြိုက်တာစားပါ ကြိုက်တာသောက်ပါလုပ်နေတဲ့ အမျိုုးသမီးကြီး ငှဲ့ပေးတဲ့ရေနွေးက လက်ထဲကနေချော်ပြီး ထိုအမျိုးသမီးကြီးရဲ့ လက်ပေါ်ကျသွားစေမိတယ်။

ချစ်သည်းပုံ||Complete✓||Tahanan ng mga kuwento. Tumuklas ngayon