အခန်း(၉)

3.1K 266 17
                                    

(Unicode)

“ချီးပဲ.....”

ထန်းရည်အိုးထဲ ခွက်နှစ်ဖို့ပြင်နေတဲ့ ခွေးပုနဲ့ပေါက်စီ ရဲ့ လက်တွေမှာ လေထဲမှာတင်ရပ်တန့်သွားရသည်။

“ဘာကြည့်တာလဲ သောက်ကြလေ.....”

“ထည့်ပေး ငါ့ကိုလဲ....”

တစ်ခွက်ခပ်ကာ ကမ်းပေးလိုက်တော့.......

“သောက်ဂွပဲဟေ့......”

တကယ်နားမလည်နိုင်တော့ပါ။သူပဲ ထန်းတော ဦးဆောင်ခေါ်လာ....ခုထိ တစ်ခွက်မှလဲ ကောင်းကောင်းမဝင်သေး.....တစ်မနက်လုံး ဘာတွေကို စိတ်အလိုမကျသည်မသိ လျှံထွက်လာသောစကားများမှာ ထိတ်ထိတ်လန့်လန့်။မဟုတ်သေးပါဘူး ဒီကောင်.....။

“မင်း ဘာဖြစ်နေတာလဲ...."

အရဲစွန့်ကာမေးလိုက်သော ခွေးပုရယ်ပါ....
တစ်နည်းအားဖြင့် သည်းခံနိုင်စွမ်းက ကုန်ခမ်းလာ၍....

ဘယ်နှယ့် ထန်းတောထဲလာ ထန်း‌ရည်သောက်လို့မမူးဘဲ ဒီသူကြီးသား ဇီးပြားနဲ့မှ သွက်သွက်ခါအောင်မူးတော့မည်။

“မင်းတို့မသိပါဘူး.....”

ပြန်ပြောပုံက ရိုက်ပေါက်.....သိနေမှတော့ မေးနေတော့မလား သောက်ဂွပဲ.....

“မသိလို့မေးတာပေါ့ကွ.....ပုံစံမမှန်တဲ့ ကောင်ရဲ့”

“ပုံစံကတော့ တကယ်မှန်မနေဘူး.....မဟုတ်တာတွေ ဖြစ်ချင်နေတာ မူးနေတုန်းများ ငါ့နားခွေးတွေ မျောက်တွေ ကပ်တာ မြင်မိသေးလား"

“ဘာလို့လဲ.....”

“ခေါင်းထဲမှာ ဦးနှောက်မရှိတော့ဘဲ ဖောက်စားခံလိုက်ရသလားလို့”

“ဒီ ဇီးပြားကောင်ကတော့ကွာ.....”

စိတ်ပျက်နေတဲ့အသံမှာ ပီပီသသ....ဖြစ်ရှာမှာပေါ့ တစ်မနက်လုံး မမူးဘဲ အရစ်ခံနေရတာကို

ကိုယ်တိုင်လဲ တကယ်နားမလည်နိုင်တော့.....စိုက်ကြည့်သွားသူရဲ့ အကြည့်တစ်ချက် တကယ် တစ်ချက်လေး.....မတွေ့ရတာ တစ်ပတ်လား နှစ်ပတ်လား သူမသိတော့ပေမယ့် မျက်နှာကြီးက နေရာတိုင်းပေါ်လာနေတုန်း။

အရက်သောက်မယ်ဟေ့ဆို အိမ်ကအဖေနဲ့ အမေကိုလဲမေ့တယ်.....ကန်တော့ပါရဲ့ အမှန်တရားပေမို့ ဗွေမယူပါနဲ့ အဖေနဲ့အမေ။

ချစ်သည်းပုံ||Complete✓||Donde viven las historias. Descúbrelo ahora