(Unicode )
Hello Hello....🦋
ပြန်လာပါပြီရှင်....လွမ်းနေကြရဲ့လား။
Fund အတွက် One shot projectမှာ
ရိုရိုချိုချိုလေးတွေကို သောင်းကျော်တဲ့အထိ ရေးပေးခဲ့ပြီးပါပြီ။
Fund မှာ ပါဝင်တဲ့ သူလေးတွေကို လက်ဆောင်ပြန်ပေးတဲ့ Fanfic လေးတွေမလို့
Wpမှာတော့ တင်ဖြစ်မယ်မထင်ပါဘူး။
ဒါမဲ့ နောက်ပိုင်း click လို့ရတဲ့အခါမျိုးရောက်လာတဲ့အခါ ဖတ်ချင်တယ်ဆို ပြန်ပြောပေးပါ့မယ်။Flash back scene တွေ ဖြစ်တဲ့အတွက်
အီသွားမှာစိုးလို့ ဆက်တိုက်တင်ပေးချင်တာကြောင့် ကြာသွားရတာပါ။Media က suprise giftပါ ဖြည်းဖြည်းချင်းပြသွားမယ် ကလိကလိဖြစ်စေချင်လို့ keke🤭💗
_______________________________
“ဉာဏ်....အပြင်သွားမယ်
လိုက်ခဲ့....”“ငါမလိုက်တော့ဘူး
မင်းပဲသွားလိုက်ပါ....”“ဟာ မရဘူးနော်....မရဘူး
လိုက်ခဲ့ရမယ် သူငယ်ချင်းတွေနဲ့ ချိန်းထားတာ
မိတ်ဆက်ပေးမလို့ပါဆို လိုက်ခဲ့ကွာ နော်”“မလိုက်ချင်ပါဘူးဆိုကွာ....
အလုပ်တွေရှိသေးတယ် လင်းရိပ်ရဲ့”“အဲ့တာတွေ ထားခဲ့
ဉာဏ်လုပ်မှ ပြီးမယ့်အလုပ်တွေမဟုတ်ဘူး”“ဘယ်ဖြစ်မလဲ....ငါက သူများအိမ်မှာကပ်နေရတာလေ ဒီအလုပ်လောက်တော့ ဝိုင်းကူမှပေါ့”
“ဘာသူများအိမ်လဲ ဒါ ကိုယ့်အိမ်
ကိုယ်ခေါ်နေတာ လိုက်ခဲ့ရင်ဖြစ်တယ်”“မလိုက်ချင်ပါဘူးဆို....”
“လိုက်ရမယ်....”
“မလိုက်ချင်ဘူး....”
“လိုက်ရမယ်လို့....”
လင်းရိပ်က ဉာဏ့်ကို တော်တော်လေး ခင်တွယ်တဲ့အထဲမှာပါသည်။လင်းရိပ် ဘယ်သွားသွားလိုက်ရပြီး သူ့သူငယ်ချင်း မှန်သမျှနဲ့လဲ မိတ်ဆက်ပေးတတ်သေးသည်။
“သား.....”
“ မေမေ....”
လင်းရိပ်နဲ့ စကားပြောနေတုန်းမှာပဲ လင်းရိပ်မေမေ အန်တီမြရိပ်က အနားရောက်လာသည်။
“သူမလိုက်ဘူး ပြောနေတယ်လေ....ဘာကိစ္စအတင်းခေါ်နေလဲ”
“ဖိုးဉာဏ်မအားဘူး...မေမေခိုင်းစရာတွေရှိသေးတယ်”
CZYTASZ
ချစ်သည်းပုံ||Complete✓||
Romans....အချစ်ဆိုတာ အပြစ်အနာအဆာ ရှိတိုင်း စွန့်ပစ်ဖို့မှ မဟုတ်တာ ရွေးချယ်ပြီးမှတော့ အပြစ်ဆိုလဲ မမြင်တော့သလို အသစ်ဆိုလဲ မလိုချင်တော့ပါဘူး.....သည်းပုံကသာ ကျွန်တော့်ဘဝ ကျွန်တော့် အသက်ပါ....💛