Hello
ချစ်သည်းပုံလေး Complete ဖြစ်သွားကတည်းကဆို ကျွန်တော်တို့မတွေ့ဖြစ်တာ တော်တော်ကြာသွားခဲ့ပြီနော်။
1.6.2022 ကျွန်တော့်မွေးလမှာစခဲ့တဲ့ Fic လေးက ခုဆို တစ်နှစ်တောင်ပြည့်ပြီးသွားခဲ့ပါပြီ။
ခုရက်တွေ wattpad ထဲကိုဝင်တိုင်း Notiမှာ ချစ်သည်းပုံလေးကို ဖတ်နေကြတဲ့လူတွေကို တွေ့နေရတယ်။Notiတွေတစ်ခါတက်လာတိုင်း ဒါဖြစ်နိုင်ရဲ့လားလို့အမြဲတွေးမိတယ် ။71.2K ဒါဟာ ကျွန်တော်မမျှော်လင့်ခဲ့ဖူးတဲ့ အနေအထားတစ်ခုပါပဲ။စာရေးချင်စိတ်တစ်ခုတည်းနဲ့ ကျွန်တော်စရေးခဲ့ပြီး complete ဖြစ်ရင်တောင် 10Kပြည့်ပါ့မလား ဘာပဲဖြစ်နေနေ ရေးချင်တယ်ရေးမယ်ဆိုပြီး စရေးဖြစ်ခဲ့ပါတာ ဖတ်တဲ့သူနည်းနည်းလေးနဲ့ Ongoing သွားခဲ့ရတဲ့အချိန်တွေက ကျွန်တော့်အတွက်တော့ အပျော်ရွှင်ဆုံးအချိန်တွေဖြစ်ခဲ့ပါတယ်။
လိုအပ်ချက်တွေအများကြီးနဲ့ ဒီFicလေးကို ခုထိဖတ်နေပေးကြလို့ ကျေးဇူးအများကြီးတင်ကြောင်းပြောချင်ပါတယ်။သင်္ကြန်အတွက် Extra လေးတွေ ရေးထားခဲ့ပေမယ့် ဖုန်းရေထဲကျသွားတဲ့အတွက် Note ထဲမှာရေးထားသမျှပါသွားခဲ့ပါတယ်။
အဲ့နောက်ပိုင်း Extra အတွက် ပြန်ရေးထားတာတွေလဲရှိပေမယ့် ခုထိစိတ်တိုင်းမကျနိုင်သေးတာမို့မတင်ဖြစ်ခဲ့ပါဘူး။နောက်တစ်ခုက Daisy Nyo က ကျွန်တော် unထားတာဖြစ်ပါတယ် အပိုင်းတော်တော်များများရေးထားပြီးသားပေမယ့် လက်စမသတ်နိုင်သေးတာမို့ unထားလိုက်ပါတယ်။
စာရေးဖို့အချိန်မရနေပေမယ့် လောဘကြီးစွာပဲ Daisy Nyo ကို တင်ခဲ့ဖူးတဲ့ ပုံစံအပြင် ချစ်သည်းပုံလေးမှာပါတဲ့ မူလအေးအေးငြိမ့်ငြိမ့်ပုံစံလေးအတိုင်းပဲ ကျွန်တော် plotတွေချထားဖြစ်ခဲ့ပါသေးတယ်။(ဒါကတော့ ဒေစီညို fanတွေ အတွက်ပါ ကျွန်တော်မရေးပေးနိုင်သေးပါဘူး Note ထဲမှာပဲရှိပါသေးတယ်😁)ဆက်ရေးချင်လို့ plot ချထားတဲ့ Ficတွေလဲရှိပါတယ်။ဒါပေမယ့် ကျွန်တော့်မှာစာရေးဖို့အချိန်မရှိပါဘူး။စောင့်နေပေးဖို့မတောင်းဆိုရဲပေမယ့် ကျိန်းသေဒီနေရာလေးကို ပြန်လာခဲ့မှာပါ။ကျွန်တော့်မှာ ရေးချင်တာတွေ အများကြီးရှိနေသေးတာမို့ပါ။
YOU ARE READING
ချစ်သည်းပုံ||Complete✓||
Romance....အချစ်ဆိုတာ အပြစ်အနာအဆာ ရှိတိုင်း စွန့်ပစ်ဖို့မှ မဟုတ်တာ ရွေးချယ်ပြီးမှတော့ အပြစ်ဆိုလဲ မမြင်တော့သလို အသစ်ဆိုလဲ မလိုချင်တော့ပါဘူး.....သည်းပုံကသာ ကျွန်တော့်ဘဝ ကျွန်တော့် အသက်ပါ....💛