အခန်း(၂၀)

1.8K 111 11
                                    

(Unicode)

ချစ်မိမှတော့ အပိုင်လိုချင်တဲ့
အတ္တကလေးတော့ ရှိတာပေါ့....

လက်ကလေးကို ကိုင်ထားချင်မယ်။
ကြင်နာချင်မယ်။ ယုယချင်မယ်။
ထွေးပွေ့ထားချင်မယ်။

ကျွန်တော်တို့ကြားမှာ ချစ်တယ် ဆိုတဲ့
စကားလုံးမျိုးမရှိခဲ့ပါဘူး။
သို့ပေမယ့် စကားလုံးတွေထက် လေးလေးနက်နက် ကျွန်တော်တို့အချစ်ဟာ နင့်နင့်သီးသီးရယ်။

ဖိနပ်‌ကြိုးလေးတွေ ချည်ပေးနေဆဲ။
တစ်ခါတစ်လေမှာ စကားမပြောဘဲ ငေးကြည့်နေတတ်သည်။
ပြောမထွက်တဲ့ စကားမျိုးကိုတွေဆို ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ရုံနဲ့ ပြည့်စုံပြီ။

“တိမ်တွေကို ငေးရတာ ကြိုက်တယ်”

“ကိုယ်လဲကြိုက်တယ်....”

“အရမ်းစပ်တဲ့ အစားစာတွေ မစားနိုင်ဘူး”

“အတူတူပဲ....”

“ငါးကင်ကြိုက်ပေမယ့် ငါးဟင်းမကြိုက်ဘူး”

“အင်း ကိုယ်ရောပဲ....”

“ဘာလို့ အကုန် လိုက်တူနေရတာလဲ”

“မင်းနဲ့ ခုထက်ပိုပြီး နီးစပ်ချင်သေးလို့.....”

သူပြောတော့ ဉာဏ်က ‌တိမ်တွေကိုငေးရင်း နှုတ်ခမ်းလေးက အနည်းငယ် ကော့တတ်သွားသည်။
ခပ်ပြုံးပြုံးလေး သူ့ဘက်ကို လှည့်လာသည်။
မျက်ဝန်းနက်နက်တွေက အားကောင်းကောင်းနဲ့
ဒီကောင်လေး သူ့ကိုငေးနေပြန်ပြီ။

“အရမ်းကြိုးစားပြီး လိုက်ညှိပေးနေစရာ မလိုပါဘူး အကိုရာ...
အကို ဖြစ်နေရုံနဲ့
ကျွန်တော့် ညီမျှခြင်းတွေက ညီပြီးသား”

အကို....တဲ့။
ရူးရပြန်တာပေါ့....အထပ်ထပ်အခါခါပါပဲ။

“ထပ်ခေါ်ပေးကြည့်ပါဦးလား....”

“အကို.....”

“ဗျာ.....”

နှစ်ယောက်သား အားတဲ့အချိန်ဆိုတာနဲ့ စာသင်ဆောင်ရှေ့က အပင်ကြီးဆီပြေးလာကြတယ်။
ခုံတန်းလေးပေါ် အတူထိုင်တယ်။
နှစ်ယောက်တည်း ကြားနိုင်တဲ့ စကားလုံးတွေဟာ ပြောမကုန်။

ချစ်သည်းပုံ||Complete✓||Nơi câu chuyện tồn tại. Hãy khám phá bây giờ