အခန်း(၁၅)

2.8K 223 9
                                    

(Unicode)

ဒီနေ့ ချစ်သည်းပုံလေး ဆေးရုံဆင်းတဲ့နေ့....

သို့သော် ကာယကံရှင်နှင့် မြို့အုပ်မင်းတို့ရဲ့ ရာသီဥတုက ကြည်လင်မနေပါ။

မြို့အုပ်မင်း မျက်နှာမှာ ဒေါသကိုထိန်းချုပ်ထားရလွန်းလို့ ထိရုံနဲ့ ပေါက်ကွဲသွားနိုင်သည့်အနေအထား။

ကားနောက်ခန်းမှာ သည်းပုံနဲ့ ကြီးမြထိုင်ခိုင်းပြီး သူကတော့ ရှေ့ခန်းမှာသာထိုင်သည်။နောက်ခန်းမှ တစ်ယောက်ကလဲ မျက်နှာသေးသေးလေးက ပိုလို့ပင် သေးသွားသယောင်။ပြတင်းပေါက် အပြင်ကိုသာငေးလျက်။

ရှေ့ခန်းမှ တစ်ယောက်ကတော့ နောက်ကြည့်မှန်ကနေ ခနခနခိုးကြည့်နေတာ မြင်ပေမယ့် ဘာမှ ထပြော။မပြောတာတော့ ဆေးရုံမှာကတည်းက ဘာဖြစ်ကြမှန်းမသိ ကိုခန့်ကလဲ လုပ်စရာရှိတာလုပ်ပေးပြီးတာနဲ့ ဘာမှမပြောတော့။သည်းပုံလေးကတော့ ပိုဆိုးသည်။မေးရင်ဖြေရုံကလွဲရင် ဘာတစ်ခွန်းမှ ဆက်မပြောတော့။

နေနိုင်ကြတာလဲ မဟုတ်ဘဲ သက်သက် စိတ်ပင်ပန်းအောင်။ဒီကလေး နှစ်ယောက်နှယ်....ခက်လိုက်ပါဘိ။

..............

ဟိုကလေးက အတော်သက်သာနေပြီမို့ မင်းလွင်ကိုပြောကာ ဆေးရုံဆင်းခဲ့လိုက်သည်။ ဘာဖြစ်လို့ ဖြစ်နေမှန်းမသိတဲ့ ကိစ္စတွေကိုလည်း ဒီတိုင်းဆက်မထားနိုင်တော့။ချော့မေးမည်.....ချော့မရရင် ခြောက်ရမှာပဲ။ဘာဖြစ်နေသလဲ သိရဖို့က အဓိက။

အလကား နေမကောင်း‌လို့ အလျော့ပေးနေတာကို အကောင်းမှတ်နေတာ။ကိုင်ပေါက်‌လိုက်လို့ တစ်ချက်စာရှိတဲ့ ဟာလေးက ပါဝါအာဏာနှင့်။

လက်ကလေးတောင် အထိမခံနိုင်ရအောင် ဒီလူက ဘာဖြစ်နေလို့လဲ။စိတ်ထဲမှာ နည်းနည်းလေးတောင်ကျေနပ်မနေ။

ခြံဝန်းကျယ်ကျယ်တစ်ခုရှေ့အရောက်မှာ ကားကရပ်သွားသည်။ဟွန်းတီးလိုက်တော့ ဖိုးခွားက ပြေးလာကာ တံခါးဖွင့်ပေးသည်။

ကားရပ်သွားမှ တွေးလက်စတို့ကိုဖြတ်ကာ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့.....

“ဟင်....!!”

ခြံအကျယ်ကြီးရဲ့ ပတ်ပတ်လည်မှာ ဝါထိန်နေအောင်ပွင့်နေတဲ့ ငုဝါပင်တွေ။အိမ်ရဲ့ရှေ့တည့်တည့်မှာရှိတဲ့ အပင်ကဆို အရွက်ပင်မမြင်ရသည်ထိ ဝါထိန်နေအောင် ပွင့်နေသည်။
ကားဝင်သွားရာ လျှောက်လမ်းတစ်လျှောက်ရဲ့ ဘေးတစ်ဖက်တစ်ချက်မှာတော့ နှင်းဆီ စံပယ် သစ်ခွ နောက် အပင်ဆန်းဆန်းလေးတွေ ရွက်လှပင်လို အပင်သေးသေးတွေ မျိုးစုံ ။

ချစ်သည်းပုံ||Complete✓||Donde viven las historias. Descúbrelo ahora