အခန်းပို-(သီတင်းကျွတ်)

1.7K 110 11
                                    

(Unicode)

"အကိုကြီး မင်းလွင်က ကြာလိုက်တာကွာ...."

"ငါ အဲ့လူကြီးကို အဲ့တာတွေကြည့်မရတာ...."

ချစ်သည်းပုံလေးရဲ့ခေါင်းသည် ဖိုးခွားဘက်သို့ချာခနဲ။

"မင်းနှုတ်ခမ်းက ငါ့ထက်ပိုဆူနေတယ်နော်...."

မျက်လုံးဝိုင်းကြီးတွေနှင့်ကြည့်ကာ တရားခံတစ်ယောက်လိုစစ်မေးခံနေရသည်။

"ငါက...!?"

"အင်း....မင်းလေ"

"မဆူပါဘူး...."

"ဆူပါတယ်..."

"မဆူပါဘူးဆို...."

"ဆူပါတယ်ဆိုနော်...."

"မဆူဘူးလို့...."

"ဆူတယ်ပြောနေတယ်လေ....ကိုကိုနဲ့တိုင်မှာနော်"

အားကိုးရှိခြင်းသည် ဒီလိုတွေ အနိုင်ကျင့်ဖို့နေရာတွေကျ အတော်လေးအသုံးဝင်သည်။
သူမနိုင်တော့ဘူးထင်ရင် ကိုကို့ဆီပြေးသွားလိုက်တာပဲ။
သဲသဲလှုပ်အချစ်ခံလေးဘဝမှာနေသားတကျ ဆိုးနေဆဲ။

"အေးကွာ....ဆူတယ် ဘာဖြစ်လဲ
အားကိုးရှိတိုင်း အနိုင်ကျင့်လွန်းတယ်"

"အနိုင်ကျင့်မခံချင်ရင်
ငါ့လို ကိုကိုရှာလိုက်ပါလား.....အော့် ငါ့ကိုကိုလိုတော့ ဘယ်မှာမှရှာမတွေ့နိုင်ဘူးပေါ့ ကိုကို့က ငါ့အတွက်သီးသန့်...."

"မိန်းမယူမှာကွ...."

"အကိုကြီးမင်းလွင်ကိုယူပါလား...ကိုကို့လောက် မချောပေ‌မယ့် ဆရာဝန်ကြီးကွ...."

"မိန်းမယူမှာပြောနေတယ်လေ"

တီ တီ...!!

ထိန်းချုပ်စင်တာမှာ နေရာယူထားသော အကိုကြီးမင်းလွင်သည် ခန့်ခန့်ညားညား။
ချစ်သည်းပုံသည် ခြံရှေ့က ကားဟွန်းသံကြားပြီးနောက် ချက်ချင်းထသွား၏။
နားနားကိုကပ်ကာ ဖြတ်ရိုက်ချင်စရာကောင်းသော စကားတစ်ခွန်းကိုဆိုသွားသေးသည်။

'မူမနေနဲ့ ပြန်ကြိုက်လိုက်'တဲ့.....ဖြတ်ကန်လိုက်ချင်သောစိတ်ကို မနည်းမျိုချထားရသည်။
နည်းနည်းလေးတောင်မထိရဲ သူ့မှာကအားကိုးနဲ့။
ကားနောက်ခန်းတံခါးကို ဆွဲဖွင့်တော့ သေးသေးလေးသည် နေရာယူလျက်....

ချစ်သည်းပုံ||Complete✓||Donde viven las historias. Descúbrelo ahora