အခန်း(၂၃-၁)

1.6K 114 5
                                    

(Unicode)

ညတိုင်းမက်တဲ့ အိပ်မက်တွေထဲ ‌ဒေစီပန်းတွေကိုင်ကာ ကျောခိုင်းသွားသူအား မနာကျည်းရက်ခဲ့။
အိပ်မက်တွေထဲမှာတောင် ကျောခိုင်းသွားတာမို့ ဝေးခဲ့ကြပြီဆိုတာ သေချာပါတယ်။
ဟူးးး.......
အညိုရောင်ဒုက္ခတရားလေးရယ် မင်းနဲ့ပတ်သက်ရင် ကိုယ်အမြဲအသက်ရှူကြပ်ရတယ်။

အိပ်နေရင်း မျက်ရည်တွေစီးကျတတ်သူရဲ့ဘေးမှာတော့ ညတိုင်း မျက်ရည်သုတ်ပေးမယ့် လက်ကလေးတစ်စုံရှိနေခဲ့ပါသည်။
မအိပ်နိုင်ပါ အေးချမ်းစွာအိပ်စက်နေတဲ့အချိန်မျိုးလေးမှာ တစိမ့်စိမ့်ထိုင်ကြည့်နေခဲ့တာ ရက်တွေကုန်လို့‌လတွေပြောင်း နှစ်တွေပင်ကူးခဲ့ပါပြီ။

သားလေးမွေးဖို့ ဘုရားကိုနားပူအောင် ဆုတောင်းခဲ့ရသည်။
တန်ပါတယ် သားလေးကို မြင်မြင်ခြင်း ပျောက်ဆုံးနေတာကြာပြီဖြစ်သော ပါးချိုင့်နက်နက်တွေကို ပြန်မြင်ခဲ့သည်။
တကယ်ခနလေးပေမယ့် အမိအရ ယနေ့ထက်ထိ နှလုံးသားမှာထင်ဟပ်နေဆဲ။

"ကျေးဇူးတင်ပါတယ် သားလေးမွေးပေးလို့"

"ထပ်ပြုံးပြပါလား.....ကျေးဇူးတင်ရင်လေ"

သားကို တစ်ချက်ငုံ့နမ်းကာ ပြုံးပြရှာသည်။သေမင်းနဲ့စစ်ခင်းရကျိုးတွေ နပ်လိုက်တာ။
သားက တကယ့်လာဘ်ကောင်လေးရယ်ပါ။

.....................

အေးစက်နေဆဲ အခန်းထဲကလူနှစ်ယောက်ဟာ ကုတင်အစွန်းနှစ်ဖက်မှာ လဲလျောင်းနေကြသည်။လင်းရိပ်ထင်ဟာ ညာဘက်လက်ကို မျက်လုံးပေါ်တင်ကာ အိပ်ဖို့ကြိုးစားနေသည်။

တစ်ပင်တည်းသော နွယ်လေးကတော့
ထိုသူရှိရာ မျက်နှာမူရင်း ငေးနေသည်။
အကိုမအိပ်သေးမှန်းသူလဲသိ‌နေပါ၏။

"ပြန်ရှာတွေ့ပြီပဲ.....သွားတွေ့ချင်တွေ့ပါ"

ချက်ချင်းသူ့အား ပြန်ကြည့်လာသည်။

"ဘယ်လိုသိတာလဲ.....!!"

"နွယ့်စာမျက်နှာတိုင်းဟာ
အကိုရေးခြစ်ခဲ့တဲ့ သင်ခန်းစာတွေချည်းမလို့
နွယ် အကုန်သိနေပါတယ်"

ထိုအခါ သူ့ဆီမှ အကြည့်စူးစူးတို့က ချက်ချင်းဖယ်ခွာသွားသည်။

ချစ်သည်းပုံ||Complete✓||Donde viven las historias. Descúbrelo ahora