(Unicode)
“ချစ်သည်းပုံ.....!!”
ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတဲ့ ဒေါ်လေး အသံကြောင့် သည်းပုံ လုပ်လက်စအလုပ်လေးတွေကိုချထားကာ ပြေးရတော့သည်။
“ဒီ ငအ ဘယ်ရောက်နေပြန်တာလဲ.....”
ဒေါ်လေးငွေခင်ရှေ့ရောက်တော့ ခွပ်ခနဲနေအောင် ခေါင်းခေါက်ခံလိုက်ရသည်။ဒီလိုပါပဲ...ဒေါ်လေးငွေခင်က သိပ်စိတ်ကြီးတယ်။သူခေါ်လို့ ရှေ့ကိုတန်းမရောက်ရင် ခေါင်းကို အမြဲခေါက်နေကြ။သည်းပုံ ခေါင်းခေါက်ခံရတာတကယ်မကြိုက်ဘူး။
“ငါခေါ်တာ ဘာလို့ကြာနေတာလဲ...”
“.......”
“သွား အေးမြဆီမှာ ငါအပ်ထားတဲ့ အထည်တွေသွားယူချေ...မြန်မြန်သွားမြန်မြန်ပြန် လူပုံကိုက အေတိအေထုံနဲ့ နားပါလေးသွားပြီလား မသိဘူး”
“......”
ခေါင်းငြိမ့်ကာ တလှုပ်လှုပ်နဲ့ထွက်သွားတဲ့ ကျောပြင်သေးသေးလေးကိုကြည့်ပြီး ဒေါ်မြ တစ်ယောက်သက်ပြင်းသာချမိသည်။
သည်းပုံလေး ဘဝက ဒီလိုနေရမယ့်ဖြစ်တည်မှုမျိုးမှမဟုတ်ဘဲ။
ကိုးရွာစားသူကြီး ဦးဘဉာဏ်နဲ့ မျိုးရိုးစဉ်ဆက် ချမ်းသာလာတဲ့ ရွာမျက်နှာဖုံး ဒေါ်သည်းပို တို့ရဲ့ ရင်နှစ်သည်းခြာလေး ချစ်သည်းပုံ။ ရွှေလင်ပန်းနဲ့ အချင်းဆေးပြီး ရွှေပုံပေါ်စံခဲ့ရတဲ့ ချစ်သည်းပုံလေးဘဝက ပျော်စရာအတိ။
ဒေါ်မြက သည်းပုံလေးရဲ့ မေမေ အိမ်ထောင်ကျခါစကတည်းက အတူနေလာခဲ့သည်မို့ သည်းပုံလေးဆိုသည်မှာ ကိုယ့်လက်ပေါ်တင် ကြီးပြင်းလာခဲ့တဲ့ ကလေးတစ်ယောက်။
ထိုအချိန်က ရွာက ဒေါ်မြရဲ့အမဆုံးပါးသွားလို့ ရွာကိုပြန်နေတဲ့အချိန်။အပြန်မှာ ရေတွေတက်လို့ ရေကျတဲ့အထိစောင့်ရသေးသည်မို့ ရွာမှာ ၂ပတ်လောက်ကြာသွားခဲ့ရသည်။ဒေါ်မြပြန်လာချိန်တွင်တော့ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တိုင်းကို လိုက်လို့ပင်မမီနိုင်တော့။
သည်းပုံလေး အသက်၁၂နှစ်မှာ မိဘတွေ လုပ်ကြံခံခဲ့ရပြီး မိဘနှစ်ပါးစလုံး ဆုံးပါးခဲ့ရသည်။ထိုအဖြစ်အပျက်တွေနောက် သည်းပုံလေးကလဲ ပျောက်ချင်းမလှပျောက်နေခဲ့၏။အားလုံးက သည်းပုံလေးကို သေပြီအမှတ်နဲ့ ဆွမ်းသွတ်မည့်နေ့မှာပဲ သည်းပုံလေးကို အိမ်ရဲ့ ဗီဒိုကြီးထဲကပြန်တွေ့ခဲ့သည်။
VOUS LISEZ
ချစ်သည်းပုံ||Complete✓||
Roman d'amour....အချစ်ဆိုတာ အပြစ်အနာအဆာ ရှိတိုင်း စွန့်ပစ်ဖို့မှ မဟုတ်တာ ရွေးချယ်ပြီးမှတော့ အပြစ်ဆိုလဲ မမြင်တော့သလို အသစ်ဆိုလဲ မလိုချင်တော့ပါဘူး.....သည်းပုံကသာ ကျွန်တော့်ဘဝ ကျွန်တော့် အသက်ပါ....💛