အခန်း(၁၀)

3.4K 248 24
                                    

(Unicode)

"ကိုကို့ ရင်ခွင်ထဲပဲ ခေါင်းအပ်ထား ကလေး"

"အနားရောက်မှ....ကိုကိုပြောမယ်"

စကားနားထောင်တဲ့ ကလေးဟာ ခေါင်းလေးညိတ်ကာ ရင်ခွင်ကျယ်ကို ခေါင်းအပ်သွားတော့သည်။ ချစ်လိုက်တာလေးကွာ....။

"ကြည့်လို့ရပါပြီဗျာ....."

"ဟင်....!"

တစ်ကိုယ်လုံးဖြူစွတ်နေတဲ့ အမွေးပွပွခွေးကလေးတစ်ကောင်။

"ငယ်ငယ်က သည်းပုံခွေးရုပ်ကလေး ကိုကို့ကြောင့် ပျက်ဆီးသွားလို့  ခွေးကလေး အ‌ေလျာ်ပြန်ပေးတာ"

"အလျော်ပေးတာ ၈နှစ်လောက်ကြာသွားလို့ ကိုကို့ကို စိတ်မဆိုးပါနဲ့....."

ချစ်သည်းပုံဟာ ပျော်လဲငို ဝမ်းနည်းလဲငို တကယ့်ကို အငိုသန်လေးရယ်ပါ။ရင်ခွင်ထဲကို ခေါင်းတိုးကာ ငိုပြန်တော့ ခေါင်းလေးပုတ်ခါချော့ရပြန်သည်။

ဒီလူကို ချစ်လိုက်ရတာများ....၁၂နှစ်သားအရွယ်ကတည်းက။
ဘဝမှာ ဆုံးရှုံးလိုက်တာတွေ အများကြီးကြားမှာ မျှော်လင့်ချက်မဲ့ခဲ့တာ အခါခါ။အမှောင်ထဲမှာ လမ်းလျှောက်ရတဲ့ အချိန်တွေဟာ သိပ်မွန်းကြပ်လွန်းလို့ အလင်းရောင် ယဲ့ယဲ့လေးကို အမြဲရှာ‌ဖွေခဲ့ရသည်။
အချိန်တိုင်းမှာ ကိုကိုဟာ သည်းပုံရှာဖွေနေတဲ့အလင်း‌ေရာင် ယဲ့ယဲ့လေး ဖြစ်ခဲ့တာ။
ဒီလူကြောင့် ဒီလူအတွက် ဆိုပြီး အားတင်းရှေ့ဆက်ခဲ့ရတဲ့နေ့တွေဟာ အများအပြား။

‌မပျော်ရင်တောင် မိဘတွေ အတွက်ရှင်သန်ပေးရမယ် ကလေးရဲ့။ ဖေဖေအမြဲပြောပြခဲ့တဲ့စကား.....။

နှုတ်မဆက်ဘဲ အရင်ထွက်သွားကြတဲ့အခါ သူက ဘာအတွက်အသက်ရှင်နေမှာလဲ။ထွက်ပြေးချင်ခဲ့တာ ရုန်းထွက်ချင်ခဲ့တာ အပြီးအပိုင် လွတ်လပ်သွားချင်ခဲ့တာ။

သံယောဇဉ်ကို ဖြတ်နိုင်တဲ့အခါ ဝန်ထုပ်ဝန်ပိုးတွေက အလိုလိုလျော့သွားတော့မှာ ကိုယ့်လူတို့ရဲ့။

ကိုကိုဟာ သည်းပုံ မဖြတ်နိုင်တဲ့ သံယောဇဉ်ဖြစ်ပြီး မနိုင်ဝန်မှန်းသိပါရဲ့နဲ့ တစ်သက်တာ ထမ်းပိုးထားချင်တဲ့ ဝန်ထုပ်ဝန်ပိုး မြို့အုပ်မင်းချောချောလေး။

ချစ်သည်းပုံ||Complete✓||Where stories live. Discover now