ဇာတ်သိမ်း❤️

3K 142 5
                                    

Unicode

"ခင်ဗျား ဘယ်ချိန်ထိ ကျုပ်နောက်ကိုလိုက်နေမှာလဲ
ခင်ဗျားကို ကျုပ်သိပါဘူးလို့ ဘယ်နှစ်ခါပြောရမလဲ!!"

ဒေါသတကြီးအော်ဟစ်‌နေသော်လည်း တစ်ဖက်လူသည်သူ့အား ပန်းနှင့်ပေါက်သည်ဟုထင်နေပုံပင်။

"ဘယ်သိမှာလဲ မင်းက အတိတ်မေ့နေတာကို"

"ဟုတ်တယ် ကျုပ်ကအတိတ်မေ့နေတာ
ဒါပေမယ့် ဒီရွာကိုရောက်ရောက်ချင်း ကျွန်တော့်မိဘတွေသေသွားပြီး ကျွန်တော်တစ်ယောက်တည်းကျန်တော့တယ်လို့ ပြောပြီးငိုနေခဲ့သေးတယ်တဲ့
ဒီလို‌ဆိုတော့ ကျုပ်မှာ ဘာအနှောင်အဖွဲ့မှမရှိတော့ပုံပဲ
ကျုပ်ခု အေးချမ်းနေပြီ ဒီရွာမှာလည်းပျော်နေပြီ
ခင်ဗျား ကျုပ်ကိုသိရင်တောင် မသိချင်ယောင်ဆောင်ပြီး ဒီရွာကပြန်ပါတော့"

"မင်းက ကိုယ့်ကောင်လေးပါဆို
ဘယ်ထားရက်ခဲ့ပါ့မလဲ..."

"ဘာ!!!!!
ခင်ဗျား ရူးနေလား ယောင်္ကျားချင်း"

"မရူးပါဘူး ခုအစိတ်အပိုင်းတွေမှာ မင်းနဲ့ကိုယ်အတိအကျချစ်ရတော့မှာ
ကြားထဲမှာ ပြသနာလေးတွေ အနည်းငယ်ရှိခဲ့လို့
ကြန့်ကြာသွားခဲ့ရုံပဲ"

"ဒါဆို ကျွန်တော်ခင်ဗျားကိုပြန်မချစ်ရသေးဘူးပေါ့"

"ချစ်တော့မှာပါ မျက်ဝန်းတွေကနေ
ကိုယ်ခံစားမိနေပြီ ချစ်ဖို့ပဲရှိတော့တာ
မင်းကနည်းနည်းမေ့သွားလို့"

"ခုမျက်ဝန်းတွေထဲမှာတော့ ကျွန်တော်ခင်‌ဗျားကို ဘယ်တော့မှချစ်လာမှာမဟုတ်ဘူး
ပြန်လိုက်တော့
ရွာတောင်ပိုင်းက ထွေးမြနဲ့ချိန်းထားတယ်"

"ရည်းစားထားတတ်တာတွေကျ မေ့မသွားဘူး"

"ဟုတ်သလား ဒါဆို အရင်ရွာမှာလည်း
ကျုပ်ရည်းစားလေးတွေ ကျန်ခဲ့မယ်ထင်တယ်
မမှတ်မိပေမယ့် လွမ်းမိသား"

"ကိုယ်ကလဲ မင်းချစ်တဲ့သူပါ
မမှတ်မိလည်း အစက ပြန်ချစ်ပေးပါ...."

"ဒီလူနဲ့တော့ ခက်ပြီ...."

မြို့တော်က လူစိမ်းတစ်ယောက်သည် နေ့ချင်းညချင်းသူနေထိုင်ရာ ဘုန်းကြီးကျောင်းသို့ရောက်လာသည်။အုပ်ထိန်းသူဖြစ်ကြောင်း တစ်ရွာလုံးကို ရုပ်တည်နဲ့အသိပေးခဲ့ပြီး ဘယ်လိုအုပ်ထိန်းသူမျိုးဖြစ်သလဲမေးတဲ့အခါ အိမ်ထောင်ဦးစီးဖြစ်ပါသတဲ့။

ချစ်သည်းပုံ||Complete✓||Tempat cerita menjadi hidup. Temukan sekarang