ငေးကြည့်ရခြင်းမှာ နေသားတကျရှိနေသူမို့
စကားတွေ အများကြီးထုတ်မပြောဖြစ်ခဲ့တာပါ
ဒိုင်ယာရီစာအုပ်ထဲမှာတော့....
ခင်ဗျားကို ချစ်တဲ့ကြောင်းတွေဟာလေ ခမ်းခမ်းနားနားပါပဲ....“မင်းကောင်မလေး ရနေတာလား”
ရေချိုးခန်းထဲမှ ထွက်လာလာချင်း အဆက်စပ်မရှိကြားခဲ့ရတဲ့ ထိုစကား.....
ဒီလူဟာ ဘယ်အချိန်ကတည်းက ဒီအခန်းထဲရောက်နေခဲ့ပါသလဲ....။
အထူးသဖြင့် ထိုသူ၏လက်ထဲမှ ကျွန်တော့်ဒိုင်ယာရီစာအုပ်....ရင်ထဲဒိန်းခနဲပါပဲ ဖွင့်သာဖတ်မိခဲ့လျှင်.....ခြေလှမ်းလှမ်းခပ်ကျဲကျဲနဲ့ ထိုလူ့အနား ကျွန်တော်ရောက်သွားမိသည်။ထိုလူစိုက်ကြည့်နေတာကိုလည်းသိသည်။ခပ်တွန့်တွန့်မျက်ခုံးတွေဟာလဲ အလိုမကျမှန်းသိသာစွာရှိနေတာကိုလည်း သတိထားမိသည်။သို့ပေမယ့် မျက်ကွယ်ပြုကာ ဒိုင်ယာရီစာအုပ်ကလေးအား ပြန်လုဖို့သာအာရုံစိုက်နေမိသည်။ဒါဟာ ကျွန်တော့်ဘဝကလေး....
လက်ထဲမှဆွဲလုဖို့ကြံလိုက်စဉ် ခပ်မြင့်မြင့်မြှောက်ပစ်လိုက်တဲ့ လက်တစ်စုံ
“ဘာလုပ်တာလဲ ပြန်ပေးပါ သူများစာအုပ်ကို”
“မေးတာပဲဖြေ ကောင်မလေးရနေတာလား”
“မရပါဘူး....ပြန်ပေးလို့”
ကျွန်တော်လုဖို့ကြိုးစားလေ ရှောင်တိမ်းလေ။ရေချိုးပြီးစကျွန်တော့်မှာ စာအုပ်လုရင်း ချွေးစေးပါထွက်နေပေပြီ။
“မညာနဲ့....ကိုယ့်ထက်အကြီးကို ညာရင်ငရဲကြီးမှာနော် မင်း”
“ဘာ ညာစရာရှိလဲ....ဘာမှရှိမနေဘူး
ပြန်ပေးလို့ဆို”“ဒါဆို ဘာလို့အတင်းလုနေလဲ”
“ကျွန်တော့် စာအုပ်မို့လေ....”
“ရရင် လု အတိအကျမသိရမချင်း ငါကတော့မပေးဘူး”
“အကို့....!!”
“ဗျဗျ...”
“ပြန်ပေးလို့....”
“ဖွင့်ပေး....စာအုပ်ကိုဖွင့်ပေး အထဲမှာပါတဲ့အကြောင်းအရာတွေ အကုန်သိရမှဖြစ်မယ်”
“သူများ ကိုယ်ရေးကိုယ်တာတွေကို ဘာလို့အတင်း....”
“မင်းအကြောင်းက ငါ့ကိစ္စပဲ
ငယ်ငယ်လေးနဲ့ ရည်းစားထားနေ ဘယ်ဖြစ်မလဲ”
YOU ARE READING
ချစ်သည်းပုံ||Complete✓||
Romance....အချစ်ဆိုတာ အပြစ်အနာအဆာ ရှိတိုင်း စွန့်ပစ်ဖို့မှ မဟုတ်တာ ရွေးချယ်ပြီးမှတော့ အပြစ်ဆိုလဲ မမြင်တော့သလို အသစ်ဆိုလဲ မလိုချင်တော့ပါဘူး.....သည်းပုံကသာ ကျွန်တော့်ဘဝ ကျွန်တော့် အသက်ပါ....💛