Part 5

13.7K 1.7K 264
                                    

Tram ပေါ်ကဆင်းလာပြီး အဆောက်အအုံကြီးတွေရဲ့ ဘေးဘက် ပလက်ဖောင်းအတိုင်းအပေါ်ကိုတက် သွားလိုက်တော့ မြို့တော်ရဲ့ ဘုရားကျောင်းရှေ့ကို ရောက်သွားသည်။

"Hyung က ကက်သလစ် ဘာသာဝင်လား"

"ငါကဘာသာမဲ့"

"ကျနော်ကတော့ အခုကစပြီး တစ်ခုခုကို ကိုးကွယ်တော့မလို့.. အချစ်ဘာသာလေ"

Taehyung လွှတ်ခနဲ အသံထွက် ရယ်မိသွားသည်။

"အော အော Hyung ရယ်လိုက်တယ်"

"ရယ်စရာပဲလေ"

သူ့ရဲ့စကားတစ်ခွန်းတည်းနဲ့ ကျနော့်ရဲ့စိတ်ခံစားချက်ကို လှောင်ပြောင်သလို ခံစားလိုက်ရ၏။ ဥက္ကဌကြီးက တွေးစရာတွေနဲ့ ပညာသားပါတာတွေ သိပ်ပြောတတ်တာ။

"ဘယ်အထိလမ်းလျှောက်နေရအုံးမှာလဲ"

"ဘာလို့လဲ ခြေထောက်နာလို့လား"

သူကျနော်မေးတာကို ပြန်မဖြေ မျက်နှာကတော့ မဲ့ရှုံ့နေ၏ ။ ပြောင်လက်နေတဲ့ အညိုရောင် လယ်သာရှူးဖိနပ်က ထိပ်အချွန်မို့ လျှောက်ရတာ များလာတော့ နာလာတာ ဖြစ်မည်။

View Point ရောက်တဲ့အထိ အပေါ်ကိုတက်လာလိုက်ပြီးမှ

"ဖိနပ်ချွတ်လိုက်"

"ဘာလုပ်ဖို့လဲ"

Tagus (တားဂက်စ်) မြစ်ရူခင်းကို တမေ့တမောငေးကြည့်နေတဲ့ မျက်လုံးတို့က ကျနော့်ထံသို့ ရောက်ရှိလာ၏။

"နာနေတယ်လေ"

Jungkook ခါးကနေ ကောက်ပွေ့လိုက်ပြီး အုတ်ခုံပေါ်ထိုင်စေလိုက်တော့ သူ့အမူအရာက လန့်ဖြန့်သွားပြီး မျက်လုံးလေးများ တဖျက်ဖျက် လှုပ်ရှားလာသည်။

မြစ်ရေကို ထိစပ်တိုက်ခိုက်လာတဲ့ လေအေးအေးက ပူငွေ့ငွေ့ဖြစ်နေတဲ့ သူတို့ကြား လန်းဆန်းသည့်အသွင်ဖြင့် ရောက်ရှိလာ​သည်။

မလှမ်းမကမ်းက စက္ကူပန်းပင်က ပန်းခြောက်တွေက ကြွေကျလာပြီး ကြမ်းပြင်ပေါ်လွှင့်နေလေကာ နေရှိန်ကျလက်စ ညနေခင်းအလှကို ပံ့ပိုးကူညီ၏။

"မင်းဘာလုပ်တာလဲ"

Jungkook သူ့ရှေ့ထိုင်ပြီး Sneaker ဖိနပ်ကိုချွတ်လိုက်ကာ Taehyung ခြေထောက်က ရူးဖိပ်နဲ့ဖိနပ်ချင်းလဲဝတ်ပေးလိုက်တော့ အသံဩဩ တစ်ခုက ရှတတ အနေထားဖြင့် ထွက်ပေါ်လာသည်။

The Kookie GuyWhere stories live. Discover now