Part 11

12.4K 1.7K 158
                                    

သူ့ရင်ခွင်ထဲက ကျနော့်မျက်နှာကို ငေးစိုက်ကြည့်ရင်းကနေ

"မနေ့က သိပ်ကိုဒေါသထွက်သွားခဲ့တာ... ကျနော် Hyung ကို အဲ့မိန်းမနဲ့ရှိမနေစေချင်ဘူး ဘာရောဂါမှလည်းမရှိပဲနဲ့ သူလိမ်နေတာ"

"မင်းကိုယ်မင်း Drama ထဲရောက်နေတယ် ထင်နေလား နှလုံးရောဂါရှိတဲ့ ရည်းစားဟောင်းနဲ့ မဖြစ်မနေ ပြန်စရမှာမျိုးလေ"

ကျနော်လူတွေရဲ့အမြင်ကိုတကယ်ပဲ ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ဒီကောင်လေး အထင်အမြင်လွှဲမှာကိုတော့ နည်းနည်းစိတ်ပူမိတယ်။

သူကျနော့်ကို ကားမောင်းအိမ်ပြန်ပို့ပေးသည်။ ကားပေါ်ကဆင်းတော့ ကျနော့်လက်ကိုဆွဲထားပြီး

"ကျနော် လက်ဖက်ရည်လိုက်သောက်လို့ မရဘူးလား"

"လက်ဖက်ရည်မရှိဘူး"

"ကော်ဖီရော"

"မရှိဘူး"

"ရှိတာသောက်မယ်"

"မိုးချုပ်နေပြီ ပြန်တော့"

အိမ်ရှေ့ပေါက်အထိ အနောက်ကနေပါလာပြီး တံခါးမပိတ်မချင်း အနောက်ကနေ ခပ်ပြုံးပြုံးရပ်ကြည့်နေလေသည်။

"Hyung ကျနော်တို့ အခုကစပြီး တွဲနေပြီမလား"

"ဘာကိစ္စတွဲရမှာ?"

"ခုနကပဲ Date မှာကျနော်တို့ ခံစားချက်တွေ ကောင်းမွန်ပြီး နမ်းခဲ့ကြတယ်လေ"

"နမ်းတာနဲ့ တွဲရောလား ပြီးတော့ နှစ်ယောက်အတူတူသွားတာနဲ့ Date ပဲဆိုရင် ငါတော့ ဘဝမှာ Date တွေအများကြီး လုပ်ပြီးပြီ"

Jungkook ပြောစရာ စကားရှာမတွေ့ သူဘာပြောလို့ ပြောရမယ်မသိ ဖြစ်နေလေ၏။

"ဒါဆို ဘာလို့နမ်းတာလဲ"

"မင်းရော ဘာလို့နမ်းတာလဲ"

"ကျနော်က ချစ်လို့ဗျ ချစ်လို့"

"ငါကနမ်းချင်လို့ပါ ဒီတိုင်း နမ်းချင်လို့"

Taehyung တံခါးကို ပိတ်လိုက်ဖို့ လုပ်တော့ သူဝုန်းခနဲပြေးလာပြီး တံခါးကို ဖမ်းဆွဲထားသည်။

"Hyung ကျနော့်ကို လှည့်စားနေတာလား ကစားချင်နေတာလား တကယ်ပဲ ကစားနေတာလား"

The Kookie GuyWhere stories live. Discover now