မျက်လုံးထဲ စူးဝင်လာတဲ့ နေရောင်ကြောင့် နိုးလာပေမယ့် မျက်လုံးကတော့ သေချာဖွင့်လို့မရ ဝါးတားတားသာ ဖြစ်၏။
အဖြူရောင်နံရံနဲ့ အသားရောင်ပါကေးခင်းတို့ကို ကျနော်မရင်းနှီးတာမို့ အိပ်ရာပေါ်က ကုန်းထလိုက်သည်။
"ခေါင်းဝါ"
ဒီနာမည်နဲ့ အသံက ကျနော့်အသည်းနှလုံးကိုတစ်ခါတည်းနဲ့ လှုပ်ခတ်သွားစေလိုက်တာ။
"Hyung အိမ်ကိုကျနော်လာလိုက်တာပဲ တစ်ခုခု ဘာညာထူးဆန်းတာ လုပ်မိသေးလား.."
Taehyung သူ့ကိုကျောပေးပြီး ပစ္စည်းပစ္စယျများ သိမ်းဆည်းရင်းကပဲ
"ဘာကို ဘာညာတာလဲ"
"မဟုတ်ဘူး အန်တာတို့ ဘာတို့ပါ"
သူအရှေ့ကနေ ပြုံးလိုက်သည်။
"လေယာဉ်ချိန်နီးနေပြီ ထတော့"
"လေယာဉ်ချိန်?"
"Paris ကိုပြန်ပို့ပေးမလို့..."
"ကျနော်ဘာသာ ပြန်မှာပါ အခုတော့ မဟုတ်သေးဘူး ကျနော်မသွားချင်ဘူး"
"အင်း ဒီမှာနေခဲ့ပေါ့ မင်းတစ်ယောက်တည်းလေ"
ဟမ်? အိပ်ရာပေါ်ကနေ မနည်းကုန်းထလိုက်ပြီး သူ့အနားကိုသွားလိုက်တော့ သတိပေးသံ ပြင်းပြင်းတစ်ခု ကြားလိုက်ရ၏။
"ငါ့ကိုထိရင် သတ်ပစ်မှာ"
Jungkook ပြုံးစိစိနဲ့ ခပ်လှမ်းလှမ်းကနေ ရပ်ကြည့်နေပြီး
"Paris ကိုအတူတူသွားကြမယ်လို့ ပြောတာမဟုတ်လား"
"မင်းအခုချိန်ထိ ရွှေရချင်သေးရင်ပေါ့"
"ဒါပေါ့ ဒါပေါ့ ရွှေကအရေးကြီးဆုံးပဲ ဒါနဲ့ ရေချိုးခန်းကဘယ်မှာ.."
"မမှတ်မိဘူးလား မနေ့က မင်းအဲ့ထဲမှာ အိပ်ခဲ့တာလေ"
Jungkook အင့်ခနဲ ဖြစ်သွားရင်း အထပ်ထပ်ကျော့ စဉ်းစားပြန်လည်း Jeon အုပ်စုနဲ့ အတူတူသောက်ခဲ့တဲ့ နေရာမှာပဲ ရပ်သွားသည်။
"ရေမြန်မြန်ချိုးခဲ့မယ် ပိုပြီး မြန်စေချင်ရင် Hyung လိုက်ခဲ့- မဟုတ်ဘူး လိုက်ပြလိုက်လို့..."
