Part 6

13.4K 1.7K 236
                                        

'Jungkookie' ဆိုတဲ့စကားမှာ Taehyung မျက်ခုံးတစ်ဖက်ပင့်ပြီး အဲ့ဒီကောင်လေးကို ကြည့်လိုက်တော့ သူက အချိုသာဆုံးပြုံး၍ နှုတ်ဆက်သည်။

"အတွင်းရေးမှူးဟန် ဘယ်လိုဖြစ်ရတာလဲ"

Taehyung ကောင်လေးကိုကြည့်ပြီး သူ့အတွင်းရေးမှူးကို မေးခွန်းထုတ်လိုက်သည်။ ဒီကောင်လေး ဥက္ကဌ အခန်းထဲထိ ဘယ်လိုရောက်လာသလဲဆိုတာကိုပေါ့။

"Lula ကအလုပ်သင် လာမယ်ဆိုပြီး ဖုန်းဆက် အကြောင်းကြားထားပါတယ် Uncle Ash ရဲ့တူ Bolacha Food Company ရဲ့သားဖြစ်သူလို့ ပြောပါတယ်.."

အတွင်းရေးမှူးဟန်ရဲ့ စကားအဆုံးမှာ Jungkook သူ့ကို အဝေးကနေ မျက်လုံးတစ်ဖက်မှိတ်ပြ၏။

Taehyung မျက်လုံးကိုအသာမှိတ်ပြီး နောက်မှီထိုင်ခုံပေါ်မှီချလိုက်သည်။

"အရင်ဆုံး Lula နဲ့ဖုန်းပြောလိုက်အုံးမယ် အားလုံး သွားလို့ရပြီ"

အတွင်းရေးမှူးဟန်က Jungkook ကိုထွက်လာဖို့ မျက်နှာရိပ်ပြပေမယ့်

"ကျနော့်ရုံးခန်းက ဘယ်မှာလဲ အတွင်းရေးမှူးဟန်ကရော အပြင်မှာ နေတာလား ကျနော့်အတွက် သီးသန့်နေရာမလုပ်လည်းရတယ် ဟိုနားလေးမှာ စားပွဲတစ်လုံး ထားပေးရင် ရပြီ"

သူပြောလိုက်တဲ့ ဟိုနားလေးဆိုတာက ဥက္ကဌကြီးရဲ့ စားပွဲဘေးမှာ ဖြစ်သည်။ အတွင်းရေးမှူးဟန် မျက်လုံးများပြူးကျယ်လာကာ

"အပြင်ထွက်ပြီး ပြောရအောင် ကျွန်မနေရာကောင်းလေး စီစဉ်ပေးပါ့မယ်"

"မလိုဘူးဆို အဲ့နေရာဆို ရ-"

အတွင်းရေးမှူးဟန် Jungkook ကိုအခန်းထဲကနေ အတင်းဆွဲထုတ်သွားမှ ဆူညံသံတွေ လျော့ကျသွား၏၊။ Taehyung မရေတွက်နိုင်တဲ့ သက်ပြင်းတွေ ချပြီးနောက် Lula ဆီဖုန်းခေါ်လိုက်တော့သည်။

'Lula အလုပ်သင်ကောင်လေး.. အဲ့တာက ဘာလဲ'

တစ်ဖက်က အသံကပြတ်တောင်း ပြတ်တောင်းနဲ့ အိုးသံ ပန်းကန်သံနဲ့အတူ ဟင်းရည်ပွက်ပွက်ဆူသံ ကြားနေရလျက်

'Sorry ငါဟင်းချက်နေလို့.. ဘာရယ် ပြန်ပြော'

'ကျနော့်ဆီ အလုပ်သင်လွှတ်လိုက်တာ'

The Kookie GuyWhere stories live. Discover now