စိတ်ပေါက်ပေါက်နဲ့ ရှည်လာတဲ့ဆံပင်တွေ ရွှေရောင်ဆိုးချလိုက်သည်။ ဥက္ကဌကြီး အခေါ်အရဆို အဝါရောင်ပေါ့လေ။
Hyung သေချာပြီလား။ ကျနော့်ကို မမြင်ချင်တော့တာ သေချာပြီလား။ မျက်ရည်က ကျချင်နေတာ ဟိုကောင်တွေ ရှိလို့ ထိန်းထားရသေးသည်။ မဟုတ်ရင် အုတ်ဂူရှေ့ထိ လာစနေကြမှာ။
Ki နဲ့ Chul သူတို့ Jeon အကိုကြီးနဲ့အတူတူ Lisbon ကိုလာ Join သည်။ ဒီတစ်ခါတော့ Jeon တကယ်ပဲ ကြေကွဲနေတာ။
သူ့စိတ်ကြိုက် နားပေါက်တွေ အဆင့်ဆင့်ဖောက်ထားတဲ့ အပေါ်မှာ နားကပ်တွေတပ်ထားပြီး လက်မှာလည်း tattoo များတစ်ခုစ နှစ်ခုစ မပြီးပြတ်သေးပဲ ရှိလို့နေ၏။
Jeon မူးနေသည်။ စကားတောင် လေလုံးမကွဲ ဗလုံးပထွေးဖြစ်နေတာကို ဥက္ကဌကြီးအိမ်ကို ပို့ခိုင်းနေသည်။
"Hyung ကငါ့ကိုမတွေ့ချင်ဘူး.. ငါကတော့ ပြောင်းပြန်ပဲ.. သူနဲ့တွေ့ချင်တယ်.."
Jungkook ပါးနှစ်ဖက်က ရဲတက်နေပြီး ရယ်နေသေး၏။
"လိုက်ပို့ပေးလို့ဆိုကွာ...မဟုတ်ရင် ငါ skate စီးပြီး သွားလိုက်တော့မှာ.."
Chul "မနက်မှ သွားပါလားကွာ ညလည်းမိုးချုပ်နေပြီမကောင်းပါဘူး"
Ki "မင်းမကြောက်ပေမယ့် ငါတို့ကြောက်တယ် သူ့အဒေါ်ရော ဥက္ကဌရောက ကြောက်စရာကြီး"
"လိုက်ပို့ပေးလို့... အခုမေးရမယ် ဖြစ်မယ်.. ဘယ်လိုကြောင့် ဒီလိုလုပ်ရတယ် ဆိုတာကို သိရမှ ဖြစ်မှာ..."
ဥက္ကဌကြီး အိမ်ရှေ့ကို သူတို့အုပ်စုရောက်နေကြ၏။ Ki ကြောက်ကြောက်နဲ ဘဲလ်တီးလိုက်တော့ တံခါးဖွင့်လာသည်။
ဘဲလ်မြည်လာလို့ သွားဖွင့်လိုက်တော့ တံခါးဘောင်ကို လက်ထောက်ထားတဲ့ Jeon ကိုတွေ့လိုက်ရသည်။ အရက်နံ့တွေ ထောင်းထောင်းထနေကာ စကားသံတွေက လုံးထွေးနေ၏။
"ကျနော်ဘာတွေမှားသွားလဲ ပြင်ပါ့မယ်..."
မျက်ဝန်းတို့မှာ ဝမ်းနည်းအားငယ်နေမှုများ ဆွတ်ပျံ့နေလေသည်။ ဒါကတော့ မျက်နှာပေါ့။
ခြေထောက်ကို မတ်မတ်ရပ်နိုင်အောင် Ki က သူ့အနောက်ကနေ ကွယ်ပြီး ထိန်းထားကာ ခါးကနေ Chul က ထိန်းကိုင်ထားလေသည်။