ပိတ်ထားတဲ့ဖုန်းကို ဖွင့်လိုက်တာနဲ့ Noti တွေဆက်တိုက် တက်လာနေသည်။ Noti bar ကနေ ဆွဲချလိုက်ပြီး အပေါ်ယံစစ်လိုက်တော့ အန်တီ Lula ဆီကနေ missed call နဲ့ စာတွေအများကြီးကိုတွေ့သည်။ ဝင်ဖတ်ကြည့်လိုက်တော့
'Taehyung ငါ့မင်္ဂလာဆောင် လာရမယ်နော်'
'နည်းနည်းတော့ ဝေးပေမယ့် အလုပ်မအားလည်းလာ'
'မလာပဲနေကြည့် နင့်ကိုသတ်ပစ်မယ်'
Lula ကသူ့ရဲ့ အမျိုးသားဘက်က မွေးရပ်မြေမှာ မင်္ဂလာဆောင် လုပ်မည်ဟုပြောထားသည်။
သူအဲ့ဒီမှာ နှစ်ပိုင်းလောက်ကြာပြီ ဖြစ်သော်လည်း ကျနော့်ကိုတော့ ပစ်မထားခဲ့။ တကယ်တော့ Lula ကဘယ်တုန်းကမှ ပစ်ထားခဲ့တာမျိုး မရှိပါဘူး။ စောစောစီးစီး ဆုံးသွားတဲ့ မိဘတွေကိုယ်စား မေမေ့ညီမဖြစ်တဲ့ Lula က တာဝန်ကျေခဲ့တာ ချည်းပါပဲ။
ကျနော်လက်ထပ်ပြီးမှ အိမ်ထောင်ပြုမယ် လုပ်ထားခဲ့တာ အခုတော့ ဒီလိုပဲဖြစ်သွားရတာပေါ့...။
ဒါက သေချာပေါက် ကျနော်တာဝန်ကျေရမယ့် အလှည့်ပဲဆိုတော့ သွားကိုသွားရမှာ။
ဖိတ်စာကိုဖွင့်ကြည့်လိုက်တော့ Portugal,Lisbon,Santo António District.
"အတွင်းရေးမှူးဟန် Lula မင်္ဂလာဆောင်သွားဖို့အတွက် စီစဉ်လိုက်ပါ"
"ဟုတ်ကဲ့ ဥက္ကဌကြီး"
"Personal schedule မို့အတွင်းရေးမှူးဟန် လိုက်စရာမလိုပါဘူး Lula အိမ်မှာတည်းမှာ မဟုတ်လို့ သက်တောင့်သက်သာ နေစရာတစ်နေရာ စီစဉ်ပေးပါ"
အမေလို အမလို ညီမလို အဒေါ်က အိမ်ထောင်ပြုသည်ဆိုတော့ ရင်ထဲ ဟာတာတာ ဖြစ်နေပြီး နှမြောတဲ့စိတ်လေး ရှိနေမိ၏။
အတွင်းရေးမှူးဟန်က ပြောသမျှကို note နဲ့ရေးမှတ်ပြီး အရိုအသေပေးကာ ထွက်သွားသည်။
Lula မင်္ဂလာဆောင် မရောက်ခင် ၁ရက်အလိုမှာ Portugal နိုင်ငံ Lisbon မြို့သို့ရောက်ရှိလာခဲ့ပြီ။
Humberto Delgado Airport,Lisbon
Luggage တစ်လုံးနဲ့ လက်ဆွဲအိတ်တစ်လုံးကို ယူပြီးထွက်လာကာ လာကြိုမယ့်လူကို ရှာနေလိုက်သည်။