အခန်း (၂၃)

59 10 0
                                    

ချင်မူ၏ ရင်ထဲတွင် လှုပ်ခါသွား၏။ "ကျောက်ရုပ်တုကို ထမ်းပိုးတာက နတ်ဘုရားတစ်ပါးကို ထမ်းပိုးထားတာနဲ့ အတူတူပဲ... ဟုတ်လား..."

မျက်ကန်းက ခပ်အေးအေး ပြောလိုက်သည်။ "လမ်းလျှောက်ရင်းနဲ့ နတ်ဘုရားတစ်ပါးကို ထမ်းပိုးထားရတာက သိပ်ကို လေးလံတဲ့ ကိစ္စပဲ... အဘွားစစ်တို့ မင်းကို ကောက်ယူခဲ့တုန်းကဆိုရင်... အဘိုးကြီးမာက ကျောက်ရုပ်တုတစ်ခုကို သယ်ပြီး အဘွားစစ်နဲ့ မြစ်ကမ်းဘေးထိ လိုက်ခဲ့တာ... ခရီးက သိပ်မဝေးပေမဲ့ အဘိုးကြီးမာရဲ့ ခွန်အားနဲ့တောင် အမောဆို့ပြီး လဲကျမလို ဖြစ်ခဲ့သေးတယ်..."

ချင်မူ ခေါင်းကျိန်းသွား၏။ ရွာထဲမှ ကျောက်ရုပ်တုများက ထိုမျှ လေးလံသည်တဲ့လား။

ဤကျောက်ရုပ်တုများကို ထွင်းထုခဲ့သူမှာ မည်သူ ဖြစ်‌လေသနည်း။

ကျောက်ရုပ်တုများတွင် ထွင်းထုထားသည့် နတ်ဘုရားများက မည်သည့် နတ်ဘုရားများ ဖြစ်လေသနည်း။ ဤရုပ်သွင်များအဖြစ် ထွင်းထုလိုက်ရုံနှင့် အဘယ်ကြောင့် ထိုမျှ လေးလံသွားရသနည်း။

သူ ငယ်စဉ်က ထိုရုပ်တုများအပေါ် အပေါ့အလေး စွန့်ခဲ့သည့်အတွက် နတ်ဘုရားများ၏ အမျက်ရှခြင်းကို ခံရမည်လား။

"စိတ်ပူစရာ မလိုပါဘူး... ဒီရုပ်တုတွေကို ထွင်းထုခဲ့တဲ့ နတ်ဘုရားက သေဆုံးသွားခဲ့တာ ကြာပြီ... မူအာ၊ ငါ မင်းကို ဒီရုပ်တုတွေ ကြည့်ခိုင်းတာက မင်းရဲ့ မျက်လုံးကို လေ့ကျင့်ပေးဖို့ပဲ... မင်းကို မြင်စေချင်တာက သာမန်ကျောက်ရုပ်တုတစ်ခုကို မဟုတ်ဘူး... နတ်ဘုရားတစ်ပါးက နတ်ဘုရားတွေအတွက် ထုလုပ်ခဲ့တဲ့ ပုံရိပ်ကိုပဲ..."

မျက်ကန်း၏ အသံက နားကန်းပင် ကြားလောက်အောင် ကျယ်လောင်လှသည့်အတွက် ချင်မူ၏ နားစည်တစ်ခုလုံး အူထွက်သွားသည်။ မျက်ကန်းက ကျောက်ရုပ်တုဘေးမှ ဝါးခြင်းတောင်းတစ်တောင်းကို မျက်နှာမူ၍ အော်ပြောလိုက်၏။ "မူအာ... ကောင်းကင်ကိုးဆင့် မျက်လုံးကျင့်စဉ်က ဖွင့်ပေးမှာ မင်းရဲ့ နတ်ဘုရားမျက်လုံးတွေပဲ... နတ်ဘုရားမျက်လုံးလို့ ခေါ်တဲ့အတွက် နတ်ဘုရားကို မြင်ရလိမ့်မယ်... မင်းရဲ့ မျက်လုံးနဲ့ နတ်ဘုရားကို မြင်အောင်ကြည့်... နတ်ဘုရားရဲ့ စွမ်းအား၊ နတ်ဘုရားရဲ့ ဂုဏ်သရေ၊ နတ်ဘုရားရဲ့ အရှိန်အဝါ၊ နတ်ဘုရားရဲ့ ရုပ်သွင်နဲ့ နတ်ဘုရားရဲ့ ဝိညာဉ်ကို မြင်အောင်ကြည့်..."

နွားကျောင်းသားလေးရဲ့ဒဏ္ဍာရီ (အတွဲ ၁)Where stories live. Discover now