အခန်း (၅၄)

50 7 0
                                    

ရွာထဲတွင်တော့ အဘိုးကြီးမာက လက်သီးချက်ကို ပြန်ရုပ်သိမ်းရင်း မေးလိုက်၏။ "မင်းမြင်တာကို နားလည်လိုက်ရဲ့လား..."

"နားလည်ပါတယ်..."

ချင်မူက တစ်ခဏမျှ တွေးလိုက်သည်။ "နဂါးတစ်ကောင်စီက မတူညီတဲ့ အားလှိုင်းတစ်ခုစီကို ကိုယ်စားပြုတယ်... နဂါးအားလှိုင်းတွေကို အစီအစဉ်အမျိုးမျိုးနဲ့ စဉ်လိုက်ရင် လက်သီးအားကလည်း အမျိုးမျိုး ထွက်လာလိမ့်မယ်... လက်သီးအားလှိုင်းထဲက မတူတဲ့ နဂါးစိမ်းအကောင်တစ်ရာကို ရှေ့နောက်အစီအစဉ် ပြောင်းလိုက်ရင် နဂါးကိုးကောင်မုန်တိုင်း တိုက်ကွက်က အကွက်အပြောင်း မရေမတွက်နိုင်အောင် ဖြစ်သွားလိမ့်မယ်... ကျွန်တော့်ရဲ့ ပထမလက်သီးချက်ကို ခုခံနိုင်တဲ့သူက ဒုတိယလက်သီးချက်ကို တစ်ပုံစံတည်း ထပ်ခုခံလို့ မရတော့ဘူး... လက်သီးချက် အချက်တစ်ရာ၊ အချက်တစ်ထောင် ထုတ်သုံးရင်တောင်မှ အဲဒီလက်သီးချက် တစ်ချက်စီတိုင်းရဲ့ ခွန်အားက တစ်ခါမှ ထပ်တူကျမှာ မဟုတ်ဘူး..."

အဘိုးကြီးမာက ရှားရှားပါးပါး အပြုံးတစ်ခု ပြုံးလိုက်၏။ "အရင်တုန်းက မင်းရဲ့ လောကသခင်ခန္ဓာမှာ ဘာဓာတ်သတ္တိမှ မရှိလို့ တထာဂတရဲ့ မဟာယာနသုတ္တန်ကို လေ့ကျင့်လို့ မရခဲ့သလို ငါကလည်း တထာဂတရဲ့ မဟာယာနသုတ္တန်ကို ဘယ်သူ့မှ ပြန်သင်မပေးဖို့ မဟာမိုးခြိမ်းသံကျောင်းတော်ကို ကတိပေးထားရတယ်... အခု မင်းရဲ့ လောကသခင်ခန္ဓာက နဂါးစိမ်းချီ ရှိလာပြီ၊ ငါ့အနေနဲ့တော့ မင်းကို အဲဒီကျင့်စဉ် သင်ပေးနိုင်ဦးမှာ မဟုတ်ဘူး... ဒါပေမဲ့ မင်းသာ ဒီလက်သီးသိုင်းရဲ့ အနှစ်သာရကို အပြည့်အဝ သဘောပေါက် နားလည်သွားရင် တထာဂတရဲ့ မဟာယာနသုတ္တန်ကို သင်ရတာ၊ မသင်ရတာက အရေးမပါတော့ဘူး... မင်းအနေနဲ့ တကယ့်နဂါးရဲ့ အဟန့်အထည်၊ အသွင်အပြင်၊ အားအင်၊ အရှိန်အဝါအငွေ့အသက်၊ ဝိညာဉ်တွေကို ဖမ်းဆုပ်နိုင်ခဲ့ပြီးသားပဲ... နဂါးတစ်ရာပုံတူကို မမြင်ဖူးရင်တောင်မှ အဲဒီနဂါးတွေရဲ့ လျှို့ဝှက်ချက်ကို မင်း တွက်ဆနိုင်လိမ့်မယ်... လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်နဲ့ဆိုရင် မင်းရဲ့ မိုးကြိုးရှစ်ချက် လက်သီးသိုင်းက တထာဂတရဲ့ မဟာယာနသုတ္တန်သုံးထားတဲ့ လက်သီးသိုင်းအောက် ကျစရာ အကြောင်းတော့မရှိဘူး..."

နွားကျောင်းသားလေးရဲ့ဒဏ္ဍာရီ (အတွဲ ၁)Onde histórias criam vida. Descubra agora