ရွာအဝင်ဝ၌ ရွာလူကြီး၊ အဘိုးကြီးမာ၊ နားကန်း၊ မျက်ကန်းနှင့် ကျန်သူများက တစ်ဘက်ရွာမှ အခမ်းအနားကို ရင်ထဲတွင် တလှိုက်လှိုက်တက်၍ ငေးမောကြည့်ရှုနေကြသည်။ မိစ္ဆာလမ်းစဉ်၏ အကြီးမားဆုံးဂိုဏ်း၊ နာမည်ဂုဏ်သတင်းနှင့် ကျော်စောသည့် ကောင်းကင်နတ်ဆိုးဂိုဏ်းက သူတို့၏ အနာဂတ် ဂိုဏ်းသခင်လျောင်းလျာကို ဤမျှ သီခေါင်သည့် နေရာတွင် ကြိုဆိုကြလိမ့်မည်ဟု မည်သူများ တွေးမိပါမည်နည်း။ အသက်ဆယ့်နှစ်နှစ်ပင် မရှိသေးသည့် ဂိုဏ်းသခင်လေး ဆိုပါ၏လား။
ဤမြင်ကွင်းကို ကြည့်ရသည်က ဒဏ္ဍာရီထဲမှ ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်နေရသကဲ့သို့ပင် ဖြစ်၏။ ဖြာကျနေသည့် နေရောင်ကပင် အရောင်အသွေးစုံလင် လှပနေသည်။
အဘွားစစ်က ရုတ်တရက် မျက်ရည်များ အိုင်ဖွဲ့လာပြီး တစ်ဆို့သွား၏။ "သူက ကျုပ်တို့ကို ခွဲသွားတော့မယ်..."
"ဒါ ကောင်းတဲ့ ကိစ္စပဲလေ... အဘွားကြီး..."
ဆေးဆရာက နွေးထွေးစွာ ပြုံးလိုက်သည်။ "ငှက်ပေါက်လေးတွေဆိုတာ တစ်နေ့ အရွယ်ရောက်လာကြမှာပဲ... အပြောကျယ်လှတဲ့ လောကကြီးကို တွေ့မြင်ရဖို့၊ အပြင်လောကကြီးရဲ့ အန္တရာယ်တွေကို တွေ့မြင်ရဖို့အတွက် အသိုက်ထဲကနေ ထွက်ပြီး လေအဟုန်ကို ဆန်တက် ပျံသန်းရလိမ့်မယ်... ငါတို့လို ဒုက္ခိတတွေရဲ့ ဘေးမှာ သူ့ကို တစ်ချိန်လုံး ခေါ်ထားဖို့ မဖြစ်နိုင်ဘူး..."
မျက်ကန်းက ငြိမ်းအေးသော အမူအရာဖြင့် တည်ကြည်လေးနက်စွာ ပြောလိုက်၏။ "သူ ရွာကစထွက်တဲ့ ခြေလှမ်းက ဒဏ္ဍာရီတစ်ပုဒ်ရဲ့ အစပဲ..."
ရွှေအက ပြုံး၍ လက်ဟန်ခြေဟန်ဖြင့် ပြောလာသဖြင့် နားကန်းက ရယ်မောလိုက်သည်။ "မင်းပြောတာ မှန်တယ်... မူအာရဲ့ အနာဂတ်က သေချာပေါက် ငါတို့ထက် ပိုစိတ်ဝင်စားစရာ ကောင်းလိမ့်မယ်..."
မာန်ဟုန်မြစ်ကမ်းတွင်...။
ခမ်းနားထည်ဝါ၍ တန်ဖိုးကြီးဟန်ပေါ်သော သင်္ဘောများ ရွက်တိုက်ကမ်းကပ်လာပြီး မြစ်ကမ်းဘေးတွင် ကျောက်ချထားကြ၏။ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ရွာသူရွာသားများ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ တချို့က ကောင်းကင်ယံ၌ ခရီးနှင်သွားကြပြီး တချို့က သင်္ဘောပေါ်တက်၍ ထွက်ခွာသွားကြ၏။ တချို့က ဆန်းကြယ်သားရဲများအဖြစ် အသွင်ပြောင်း၍ တောထဲသို့ ဝင်သွားကြပြီး တချို့က မီးလျှံများ၊ ရေစက်ရေပေါက်များအဖြစ် အသွင်ပြောင်းသွားကြသည်။
YOU ARE READING
နွားကျောင်းသားလေးရဲ့ဒဏ္ဍာရီ (အတွဲ ၁)
Fantasyမဟာမြို့ပျက်တွင် 'မှောင်လာလျှင် အပြင်မထွက်နှင့်' ဟူသော ရှေးဆိုရိုးစကားတစ်ခု ရှိ၏။ ထိုမဟာမြို့ပျက်၏ ဒုက္ခိတဘိုးဘွားကျေးရွာရှိ ဒုက္ခိတဘိုးဘွားများက မြစ်ကမ်းဘေးမှ မွေးကင်းစကလေးငယ် တစ်ယောက်ကို ကောက်ယူမွေးစားပြီး ချင်မူဟုအမည်ပေးကာ သူတို့၏ သွေးချွေးများ ရ...