" mama သားပြန်တော့မယ် Dormကပိတ်တော့မှာ"
Oka sanနဲ့မျက်နှာချင်းမဆိုင်မိအောင်ကြိုးစားရသည်။ မဟုတ်ရင်သူငိုထားတာတွေကို Oka sanမြင်သွားရင် စိတ်ပူသွားနိုင်သည်။ ဘယ်သူနဲ့မှ မျက်နှာချင်းမဆိုင်ဘဲ လွယ်အိတ်တွေကိုသာကောက်သိမ်းနေမိသည်။
"သား..နောက်ကျနေပြီလေ ဒီညတော့mamaဆီမှာပဲအိပ်လိုက်ပါလား"
Oka sanကထမင်းစားပွဲကနေထလာရင်းသူ့အနားလာကာသူ့လက်မောင်းတွေကိုကိုင်ပြီးပြောသည်။ Oka sanကြောင့် ဖုံးကွယ်ထားတဲ့မျက်ရည်တွေကကျလုလုပင်..
"သား"
"အရင်က ကျွန်တော်အိပ်လို့ရတယ် mamaဆီမှာအခန်းလွတ်မရှိတော့ဘူးလေနော်"
Jimin တတ်နိုင်သမျှ ရှောင်ရင်းဖယ်ရင်း တစ်ဖက်သို့မျက်နှာလွှဲကာ တားမနိုင်ဆီးမရဖြစ်နေတဲ့မျက်ရည်တွေကိုခိုးသုတ်လိုက်သည်။
"mamaမှာ အကြံရှိတယ်"
"ဟေ့ ဒီလမ်းက သရဲတွေပေါတယ်နော် ကားတိုက်တာတွေလည်း ခဏ ခဏဖြစ်တာ လိုက်လာရင်ဘယ်လိုလုပ်မလဲ"
ရုတ်တရက်ထအော်သောအသံ..ထိုအသံက ဟိုမှိုပွင့်ကြီးဆီက..
Jimin မျက်စောင်းထိုးပြီးကြည့်လိုက်သည်။"ကျွန်တော်က မြန်မာကနေJapanကို တစ်ယောက်တည်းလာခဲ့တာ"
"မင်းသဘောလေ"
မချိုမချဥ်ရုပ်နဲ့ပုခုံးတွန့်ကာပြောနေသော မှိုပွင့်ကို Jiminနောက်တစ်ကြိမ် မျက်စောင်းထိုးကြည့်လိုပ်သည်။ Oka san ကတော့သူ့ကိုတောင်းဆိုသည့်မျက်၀န်းတွေနဲ့ကြည့်နေသည်။
"သားရယ် ညမှောင်နေပြီ ငါ့သားကဖြူဖြူနုနုလေး မကောင်းတဲ့သူတွေဖမ်းခေါ်သွားရင်ဘယ်လိုလုပ်မလဲ"
"Oka san သူကငါးနှစ်သားမဟုတ်ဘူး ဖမ်းခေါ်သွားလဲအေးတာပဲ"
"ခင်ဗျား ပါးစပ်ပိတ်ထား!!"
Jiminဒေါသထွက်စွာ လှမ်းအော်လိုက်မိသည်။ ခဏ ခဏ သူ့အကြောင်းမဟုတ်ဘဲ၀င်၀င်ရှုပ်နေသော ထိုမှိုပွင့်က အမြင်ကတ်စရာ...

YOU ARE READING
𝒀𝒐𝒖𝒓 𝑫𝒚𝒏𝒂𝒔𝒕𝒚
Fanfictionအချိန်ကာလတွေဘယ်လိုရွေ့ရွေ့ တည်နေရာတွေဘယ်လောက်ပြောင်းပြောင်း ကျွန်တော် Yoongiအနားမှာပဲရှိနေမယ်ဆိုတာယုံတယ်မလား.. ချစ်တယ် ဒါပေမယ့်ကိုယ်ထုတ်ပြောစရာလိုသေးလား Momijiလေး ကမ္ဘာကြီးတစ်ခုလုံးက မင်းကို ဆန့်ကျင်နေရင်တောင် ငါ မင်းကို ယုံထားမှာ သိ...