အားး
ကျယ်လောင်စွာအော်ဟစ်သံသည် စံအိမ်တစ်ခုလုံးကို ကြားနိုင်စေလောက်သော်လည်းနှုတ်ခမ်းမှာစည်းထားသော အ၀တ်ကြမ်းစကြောင့် ထို မှောင်မိုက်သော အခန်းထဲတွင်သာ ပိတ်လှောင်နေသည်။
သစ်စေးနက်နက်သုတ်ထားသော တိုင်ကို ဖက်တွယ်ရင်း စိုရွှဲနေသောမျက်ရည်များ။" ဟင့် မလုပ်ပါနဲ့ တောင်းပန်ပါတယ်"
ထို တောင်းပန်တိုးလျိုးနေသောအသံသည် ကြိမ်လုံးကိုအားပါပါလွှဲရိုက်နေသော မေမေကြီး တစ်နည်းအားဖြင့် အိမ်တော်သခင်မကြီးကို မတားနိုင်ပါပေ။
စတိုခန်းလို အိမ်တော်ရဲ့ချောင်အကျဆုံးအမှောင်မိုက်ဆုံးအခန်းထဲမှာ..
အချက်ပေါင်းများစွာရိုက်နှက်ပြီးနောက်..
" ငါ့မြေးကိုထပ်ပြီးထိခိုက်သွားတာမျိုးမလိုချင်ဘူး အိမ်တော်မှာလည်း မမြင်ချင်ဘူး အနောက်ဆောင်ကိုပို့လိုက်"
မေမေကြီး၏ အမိန့်သံသည် ပြတ်သားလှစွာ.. ဂျီမင်ကတော့ငိုယိုနေတာကိုရပ်ပြီးအနောက်ဆောင်ဆိုတာ ဘယ်လိုနေရာမျိုးလဲလို့သိချင်နေမိသည်။
ကီမိုနိုစမှာ နှင်းဆီပွင့်နီနီ အကွက်အဆင်နဲ့ ခန့်ညားစွာ ထုံးဖွဲ့ထားသော ဆံထုံးနှင့် မေမေကြီးသည် တသ်ချက်မျှ မဲ့ပြုံး ပြုံးလိုက်သည်။စားဖိုဆောင်အကြီးအကဲကပင်တုန်လှုပ်နေရသည်အထိ..
ထို..ထိုအနောက်ဆောင်ဆိုတာ...ယခင်ကအိမ်တော်ရဲ့အရေးပါတဲ့အဆောင်ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အိမ်တော်နဲ့ ကွဲသွားပြီး သီးခြားရပ်တည်နေသော
အဆောင်ဖြစ်သည်။ အိမ်တော်မှာလုပ်နေတဲ့အစေခံတွေဟာ အနောက်ဆောင်ကိုခြေတစ်လှမ်းမှချခွင့်မရှိသလို ရိုးရာပွဲတော်တွေမှာ အိမ်တော်ကကျင်းပတဲ့ မည်သည့်အခမ်းအနားကိုမှတက်ရောက်ခွင့်မရကြ။မျိုးရိုးနာမည်ကိုတောင် Min လို့မရှိကြတော့ဘဲ Yamukha အိမ်တော်တဲ့လေ... အနှိမ်ခံရဆုံး အစေခံလောက်တောင်အရေးမပေးခံရဆုံး အနောက်ဆောင်..

YOU ARE READING
𝒀𝒐𝒖𝒓 𝑫𝒚𝒏𝒂𝒔𝒕𝒚
Fanfictionအချိန်ကာလတွေဘယ်လိုရွေ့ရွေ့ တည်နေရာတွေဘယ်လောက်ပြောင်းပြောင်း ကျွန်တော် Yoongiအနားမှာပဲရှိနေမယ်ဆိုတာယုံတယ်မလား.. ချစ်တယ် ဒါပေမယ့်ကိုယ်ထုတ်ပြောစရာလိုသေးလား Momijiလေး ကမ္ဘာကြီးတစ်ခုလုံးက မင်းကို ဆန့်ကျင်နေရင်တောင် ငါ မင်းကို ယုံထားမှာ သိ...