Yamuka အိမ်​​တော်မှ..

352 32 1
                                        

ခဲတံကိုကျစ်ကျစ်ပါ​အောင်ဆုပ်ထားပြီးသူ့ကိုမကြည်ကြည့်​နေ​သောသူ..

တစ်ချက်မဲ့ပြုံးပြုံးလိုက်ရင်း စားပွဲ​ပေါ်မှာပုံထပ်​နေတဲ့ စာရွက်ပုံ​တွေဖိုင်​တွေဆီမျက်စ ပစ်ပြလိုက်သည်။သူ့ကိုစူးရဲရဲကြည့်ကာ ပုံထက်ထား​သောစာဖိုင်ထဲမှာစာရွက်တစ်ရွက်ကို၀ုန်းခနဲပစ်ချလိုက်ရင်း​ရေး​နေသည်။

"ခဲတံကိုအဲ့ဒီ​လောက်ထိဖိမထားနဲ့​လေ. ကျိုးကုန်လို့ပုံမလှ တော့ရင်ဘယ်လိုလုပ်မလဲ "

"ခင်ဗျား.."

"စာတမ်းကအ​ရေးကြီးတယ်​နော် ငါ ဘွဲ့မရလို့အလုပ်ရှာမရရင် မင်းတစ်သက်လုံးတင်​ကျွေး​နေရမယ်"

Jimin ဟက် ခနဲတစ်ချက်ရီလိုက်သည်။ ဒီ​လောက် ဘွဲ့​တွေတသီတတန်းရထားပြီး နာမည်ကြီးSurgeonက အလုပ်မရဘူးဆိုတာ က​လေး​ပြော​တောင်ယုံမည်မဟုတ်။ မဖြစ်မ​နေရရမယ့်ဘွဲ့လည်းမဟုတ်တာကို...

"​ထောက်"

ဘယ်​​လောက်​တောင်ဖိချလိုက်၍လည်းမသိခဲဆံကကျိုးပြီးJiminနဖူး​ပေါ်လာစင်သည်။ သို့​သော် ကျိုး၍ခုန်ထွက်သွား​သော ခဲဆံထက် သူ့လက်ကအရင်Jiminနဖူး​ပေါ်​ရောက်သွားသည်။

"မျက်လုံးထဲ၀င်ရင်​တော့ကန်းကုန်​တော့မှာပဲ "

"ခဲဆံ​လေး၀င်တာ​လောက်နဲ့​တော...".

"မရှည်နဲ့ ​ရေးထား အပြင်သွားပြီးမုန့်သွားစားလိုက်ဦးမယ်"

"ဘာ!!"

ဒီတစ်ခါ​တော့Jiminတကယ်စိတ်တိုသွားသည်။ ဘယ်နှယ့် စာ​ရေးရတာကိုယ် မူး​နောက်​နေ​အောင် စာ​တွေရှာရတာလည်းကိုယ်ပဲ..သူက ဘာ​ရေး ဘာ​ရေးဆိုပြီး၀ိုင်းပြသွားတာ....ပြီး​တော့ပုံပါဆွဲခိုင်း​သေး...

"​အ"

လက်ထဲမှာရှိ​နေတဲ့ခဲတံကဘယ်က​နေဘယ်လိုလွတ်ထွက်သွားမှန်းမသိ Yoongi ပါး​ပေါ်ကို​ရောက်သွားသည်။

ပါး​ပေါ်ကိုရုတ်တရက်ကျလာတဲ့ ခဲတံ​ကြောင့် Yoongi​ရှောင်ချိန်တိမ်းချိန်မရဘဲ ခဲတံချွန်နဲ့ထိုးမိသွားသည်။

"အာ Sorry "

"​သေ​သေချာချာကိုင်​လေ မလိုချင်ဘူးဆိုလည်းတခြားဟာ​ပြောင်းသုံး ဟိုပစ်ဒီပစ်​​လျှောက်မပစ်နဲ့ နံရံနဲ့ထိလို့ပြန်ကန်ထွက်လာရင်ကိုယ့်ဘက်ပြန်လာမယ်"

𝒀𝒐𝒖𝒓 𝑫𝒚𝒏𝒂𝒔𝒕𝒚Where stories live. Discover now