Trust

154 13 80
                                    

​မော်လမြိုင် ​ရောက်တဲ့အထိ တမှိုင်မှိုင်​နဲ့ အ​ဝေးကို​ငေး​နေသည်။ Yoongi စိတ်မ​ကောင်းဖြစ်​နေမိ​ပေမယ့် အခုချိန်မှာ​မေးရန်မသင့်​တော်ဟု ထင်လိုက်မိကာ​ခေါင်း​လေးကိုမှီချထား​စေသည်။
ခရီးသည်တင်ကား​ပေါ်က ဖွင့်တဲ့ မြန်မာဘာသာလိုလို ​ရှေး​ဟောင်းဘာသာနဲ့ဘုရားရှိခိုးသံကိုလည်း ကြားတစ်ချက် မကြားတစ်ချက်ပါပင်။
၆နာရီကြာ​သောခရီး​​ပေမယ့် ကားကြီးသည် မရပ်နားဘဲ ​ခရီးဆက်သည်။ ​မော်လမြိုင်​ရောက်​တော့ ​နေ့လည် ၁၂နာရီပင်ထိုးလုလု။

ဂိတ်ကြီး၀င်းထဲကို​ရောက်​တဲ့အချိန်မှ မျက်လုံး​လေးမှိတ်​နေတဲ့ Jimin  ကို လက်​မောင်း​လေးလှုပ်လိုက်ပြီး ဆင်းဖို့ အထုပ်​တွေသိမ်းရသည်။
ကား​ပေါ်ကဆင်းပြီးမော်လမြိုင်​မြေကိိုနင်းလိုက်တာနဲ့ ပူ​နွေး​သော ​လေကို  စတင်ရှူရှုိက်လိုက်ရ၏။

မြန်မာပြည်သည် Japan​လောက် မတိုးတက်​သေးပါ။ 
မြင့်မားလှတဲ့အ​ဆောက်အဦး​တွေ လမ်းသွားရင်​တောင် ရနေတဲ့ လိုင်း​ကောင်းတဲ့ အင်တာနက်ချိတ်ဆက်မှု​တွေ  ​ ဘယ်​နေရာမဆို ဖုန်တစ်စက်မြင်ရ​အောင် သန့်ရှင်းပြီး ညဘက်ဆိုလှပတဲ့ နီရွန်မီး​ရောင်​တွေထဲမှာ အသားကျခဲ့သူမလို့ ဒီလို​နေရာမျိုးမှာ အခက်​တွေ့မှာ Yoongi တကယ်စိုးရိမ်မိသည်။

သို့​သော်လည်း သူ ရှိ​​သော သူ​မွေး​​သော​မြေ
သူချစ်​သော​မြေ  အချင်းမြှုပ်ရာ ဤ​နေရာ မြေမဟီ မဟုတ်လား။
​တော်၀င်သ​ဇင်ပန်းလို့ပဲ ​ခေါ်​ခေါ်  သစ်ခွပန်း​လောက်ပဲလှလှ သူချစ်​သော​မြေတွင်​တော့   ထိ​တွေ့ရမည့်ပတ်၀န်းကျင်နှင့်​လျော်ညီစွာ ရွက်ကျပင်​ပေါက်​လေး ဖြစ်ချင်လှပါသည်။

"ဘာ​တွေ​တွေး​နေတာလဲ"

"အာ မ​တွေးပါဘူး"

"ခဏကြာရင် ညီမ​လေးနဲ့ ​ရှောင်​ချောင် ​ရောက်လာလိမ့်မယ်"

Jimin ​ပြောတာကို ​ခေါင်းငြိမ့်ပြလိုက်သည်။ မကြာမီပင်
ဆိုင်ကယ်အနက်​ရောင်နှစ်စီး Jimin တို့ဆီမောင်းလာတာ​တွေ့လိုက်ရသည်။
Jimin တို့အနား​ရောက်မှ ​ဆိုင်ကယ်ကိုရပ်လိုက်ကာဆိုင်ကယ်ဦးထုပ်အနက်​ရောင်​လေးနဲ့ ​ကောင်မ​လေးက Jimin ကို ​ပြေးဖက်သည်။

𝒀𝒐𝒖𝒓 𝑫𝒚𝒏𝒂𝒔𝒕𝒚Where stories live. Discover now