" ဒေါ်လေးနွယ် မနက်ဖြန်ကြရင်လေ ကျွန်တော်တို့ သံဖြူဇရပ်မှာရှိတဲ့ ရထားလမ်းကိုသွားကြည့်မလို့ အဲ့တာ...."
"ဘာလုပ်ဖို့လဲ"
ဒေါ်လေးနွယ်၏ခပ်တင်းတင်းဖြေသံကြောင့် Jimin အနည်းငယ်တော့တုန်သွားသည်။ ထားသီရိလေးကိုလည်းမသိမသာ ခိုးကြည့်တော့မတတ်နိုင်ဘူးဆိုတဲ့ဟန်မျိုးပြပါသည်။
"ဟိုလေ Yoongi ကိုလိုက်ပြမလို့"
"ဘာနဲ့သွားမှာလဲ"
"ဆိုင်ကယ်နဲ့"
"တစ်ရက်ပဲ"
"ဟုတ်ကဲ့"
Jimin သည် မသိမသာပြုံးလိုက်ရင်း စိတ်ထဲတွင်တော့ထခုန်မတတ်ပျော်သွားသည်။ မည်သို့ပင်ဖြစ်စေကာမူ အနည်းဆုံးတော့သွားခွင့်ရပြီမလား။
"ဟိုလေ မေမေ သမီးရော ကိုကြီးနဲ့လိုက်သွားလို့ရလား"
ဒေါ်ထားထားနွယ်သည် ကြည့်လက်စ ရတနာဘူးကိုသိမ်းကာ
"သွားချင်သွားလေ"
"မေမေ တကယ်ပြောတာလား"
"Justin ကိုပါခေါ်သွား"
"ဟင်"
ထားသီရိသည် ၀မ်းသာလို့မပြီးသေးခင် ဒေါ်ထားထားနွယ်စကားကြောင့် မျက်နှာပျက်သွားသည်။
အဘယ်ကြောင့်ဆိုသော် ကိုကြီးနှင့်
လွတ်လွတ်လပ်လပ်သွားမည်ကို ထိုအမှိုက်ကောင်က လာရှုပ်ဦးမည်မဟုတ်လား။"သူကအားပါ့မလား မေမေ"
"အိုကွယ် သွဲ့ ကိုပြောလိုက်ရင်ရပါတယ် "
ထားသီရိသည် မေမေ ထို ဒေါ်သွဲ့ခိုင်ဝါ ဆိုသော ရှောင်ချောင်အမေကိုပြောမည်ဆိုကတည်းက မခေါ်မဖြစ်ခေါ်သွားရတော့မည်ဖြစ်သည်။
"ဟုတ် မေမေ"
ထားသီရိကို ကြည့်နေသော ကိုကြီးကို မေမေမသိအောင် နှုတ်ခမ်းလေးမဲ့ပြလိုက်ရင်းငိုမဲ့မဲ့လုပ်ပြလိုက်သည်။
"နှစ်ယောက်လုံး ဘာရပ်လုပ်နေတာလဲ ပြောစရာမရှိရင်သွားတော့"
"ဟုတ်..ဟုတ်ကဲ့"
Jimin တို့ထွက်လာလိုက်ပြီး ဧည့်ခန်းထဲက ဒေါ်လေးနွယ်မြင်ကွင်းအောက်ပျောက်သွားမှ

YOU ARE READING
𝒀𝒐𝒖𝒓 𝑫𝒚𝒏𝒂𝒔𝒕𝒚
Fanfictionအချိန်ကာလတွေဘယ်လိုရွေ့ရွေ့ တည်နေရာတွေဘယ်လောက်ပြောင်းပြောင်း ကျွန်တော် Yoongiအနားမှာပဲရှိနေမယ်ဆိုတာယုံတယ်မလား.. ချစ်တယ် ဒါပေမယ့်ကိုယ်ထုတ်ပြောစရာလိုသေးလား Momijiလေး ကမ္ဘာကြီးတစ်ခုလုံးက မင်းကို ဆန့်ကျင်နေရင်တောင် ငါ မင်းကို ယုံထားမှာ သိ...