Love Between Us

156 15 47
                                    

"မိုနာ"

"ဟင်"

ဇာပန်းထိုး​နေ​သော ​ကောင်မ​လေးကို ​နောက်က​နေလှမ်း၍အသံပြုလိုက်သည်။ မျက်၀န်းနက်နက်​လေး​တွေ နှုတ်ခမ်းရဲဲ​လေး​တွေ နက်​မှောင်ပြီးလှပတဲ့ဆံနွယ်​လေး​တွေနဲ့​ မင်အိမ်​တော်ရဲ့နာမည်အကြီးဆုံး​​​ဂေရှားမယ်။ သာမန်အချိန်မလို့ ကီမိုနို ၀တ်စုံ အ​ရောင်​ဖျော့​ဖျော့ကိုသာ၀တ်ထားပြီး ဆံပင်ရှည်​​တွေကိုလည်း စည်း​နှောင်ထားသည်။

လည်တိုင်ဖြူဖြူ​လေး​နဲ့လည် ဂုတ်​လေးကို​ ဆုကီ​မေး​လေး​တင်လိုက်ပြီး​နောက်က​နေသိုင်းဖက်လိုက်သည်။
ဆုကီဆိုတာ မိုနာနဲ့အတူတူစံအိမ်​တော်ကို ​ရောက်လာကတည်းက အတူတူသွားလာ ​လေ့ကျင့်ခဲ့​သောသူ။

​သွေးရင်းထက်ပို၍ ခင်မင်ခဲ့ကြပြီး ဆုကီလို တဇွတ်ထိုးလုပ်တတ်တဲ့ သူ နဲ့ မိုနာလို နူးနူးညံ့ညံ့​ကောင်​မ​လေးသည် လိုက်ဖက်စွာ အတွဲညီခဲ့ကြ၏။

​မိုနာကို​ပျော့လွန်းသည်ဟု ​ပြောဆိုခဲ့ကြ​သော်လည်း ဆုကီအတွက် မထိရက် မကိုင်ရက်​သော ဆာကူရာပန်း​လေးတစ်ပွင့်..။ ထို့အတူ ဆွတ်ယူ၍လည်းမတတ်နိုင်ခဲ့ပါ။

"ဘာ​တွေ​တွေး​နေတာလဲ ဆုကီ"

"ဟင့်အင်း မင်းထိုးတာကိုလှလို့ကြည့်​နေတာ ဘယ်ပုံကိုထိုး​နေတာလဲ"

မိုနာသည် သွားဖြူဖြူ​လေးများ​ပေါ်​အောင်တစ်ချက်ရယ်လိုက်ရင်း

" ​ဆာကူရာပင်​ပေါ်မှာ လှလှပပ နား​နေတဲ့ ငှက်က​လေး"

"အဲ့ဒါက.."

"ဆာကူရာပန်း​တွေဘယ်​လောက်လှလှ ငှက်က​လေးက တစ်ချိန်​တော့ပြန်ထွက်သွားမှာပဲ။ ဒါ​​ပေမယ့် ဆာကူရာ​​တွေက ငှက်က​လေးနဲ့ရှိတဲ့အချိန်ကိုတန်ဖိုးထား​နေတာမျိုး​ပေါ့"

မိုနာဆီက ပန်းထိုးဇာ​လေးကို ယူလိုက်ပြီး
သစ်ပင်​ကိုင်းခပ်နိမ့်နိမ့်က သစ်ရွက်​ပေါ်မှာနား​နေတဲ့လိပ်ပြာ​လေးပုံကိုထိုးလိုက်သည်။

"ဟာ ဆုကီက အကြံ​ကောင်းလိုက်တာ ပိုလှသွားပြီ"

မိုနာက ပြုံးပြရင်း ထိုးပြီးတဲ့လက်ကိုင်ပုဝါ​လေးကိုဆွဲထုတ်လိုက်သည်။

𝒀𝒐𝒖𝒓 𝑫𝒚𝒏𝒂𝒔𝒕𝒚Where stories live. Discover now